3 ဟေရှဘုန်မြို့သားတို့ငိုကြွေးကြလော့။ သင်တို့၏အာဣမြို့သည်ပျက်စီးသွားလေ ပြီ။ ရဗ္ဗာမြို့သူတို့၊ ဝမ်းနည်းကြွေကွဲမှုကိုပြ ကြလော့။ လျှော်တေကိုဝတ်၍ဝမ်းနည်းကြေ ကွဲမှုကိုပြကြလော့။ ကယောင်ချောက်ချား ပြေးလွှားကြလော့။ သင်တို့၏မိလကုံဘုရား သည်သူ၏ယဇ်ပုရောဟိတ်များ၊ မင်းသား များနှင့်အတူပြည်နှင်ဒဏ်ခံရလိမ့်မည်။-
4 သစ္စာမရှိသောလူမျိုးတို့၊ သင်တို့သည်အဘယ် ကြောင့်ကြွားဝါသနည်း။ သင်တို့၏အင်အား သည်ချည့်နဲ့နေပြီ။ သင်တို့သည်အဘယ်ကြောင့် မိမိတို့တန်ခိုးစွမ်းရည်ကိုယုံစား၍`ငါတို့ အားအဘယ်သူမျှတိုက်ခိုက်ရဲလိမ့်မည် မဟုတ်' ဟုဆိုကြသနည်း။-
5 ငါသည်ပတ်ဝန်းကျင်ရှိလူတို့အားသင်တို့ ကိုတိုက်ခိုက်စေမည်ဖြစ်၍သင်တို့သည်ထွက် ပြေးရကြလိမ့်မည်။ လူတိုင်းပင်မိမိတို့ အသက်ဘေးအတွက်ထွက်ပြေးကြမည် ဖြစ်သဖြင့်သင်တို့၏တပ်သားများကို ပြန်လည်စုရုံးပေးမည့်သူတစ်စုံတစ် ယောက်မျှရှိလိမ့်မည်မဟုတ်။
6 ``သို့ရာတွင်နောင်အခါ၌ငါသည်အမ္မုန် ပြည်သားတို့အားတစ်ဖန်ပြန်၍ကောင်း စားစေမည်။ ဤကားငါထာဝရဘုရား မြွက်ဟသည့်စကားဖြစ်၏။'' ဟုမိန့်တော် မူ၏။
7 တန်ခိုးတော်အရှင်ထာဝရဘုရားသခင် သည်ဧဒုံပြည်ကိုရည်မှတ်၍``ဧဒုံပြည်သား တို့သည်ဆင်ခြင်တိုင်းထွာနိုင်စွမ်းမရှိကြ တော့ပြီလော။ သူတို့၏ပညာရှိများသည် လည်းအဘယ်အမှုကိုပြုသင့်ကြောင်း အကြံဉာဏ်မပေးနိုင်ကြတော့ပြီလော။ သူတို့၏အသိပညာမှန်သမျှသည် ပျောက်ကွယ်သွားလေပြီလော။-
8 အို ဒေဒန်မြို့သူမြို့သားတို့၊ လှည့်၍ထွက်ပြေး ကြလော့။ ပုန်းအောင်း၍နေကြလော့။ ဧသော ၏သားမြေးတို့အားအပြစ်ဒဏ်ခတ်မည့် အချိန်ကာလကျရောက်လာပြီဖြစ်၍ ငါသည်သူတို့ကိုသုတ်သင်ဖျက်ဆီးမည်။-
9 လူတို့သည်စပျစ်သီးများကိုလာ၍ဆွတ် ခူးကြသောအခါ စပျစ်ကိုင်းများတွင်အ သီးအနည်းငယ်ချန်ထားတတ်ကြ၏။ ညဥ့် အခါ၌ဋ္ဌားပြများလာရောက်လျှင်လည်း မိမိတို့နှစ်သက်ရာပစ္စည်းများကိုသာ လျှင်ယူသွားတတ်ကြ၏။-