ယေ​ရ​မိ 5:1-4 BCL

1 ယေ​ရု​ရှ​လင်​မြို့​သား​တို့၊သင်​တို့​၏​လမ်း​များ​တစ်​လျှောက်​သွား​ရောက်​၍​လှည့်​လည်​ရှာ​ဖွေ​ကြ​လော့။ ဆင်​ခြင်​သုံး​သပ်​ကြ​လော့။သု​စ​ရိုက်​ကို​ပြု​ကျင့်​သူ၊သစ္စာ​စောင့်​ရန်​ကြိုး​စား​သူ​ကို​တွေ့​ရှိ​နိုင်​ရန်​စျေး​ရပ်​ကွက်​များ​တွင်​ရှာ​ဖွေ​ကြ​လော့။အ​ကယ်​၍​ထို​သူ​ကို​သင်​တို့​ရှာ​ဖွေ​တွေ့​ရှိ​နိုင်​ပါ​ကထာ​ဝ​ရ​ဘု​ရား​သည်​ယေ​ရု​ရှ​လင်​မြို့​ကို​အ​ပြစ်​လွှတ်​တော်​မူ​လိမ့်​မည်။

2 သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အ​သက်​ရှင်​တော်​မူ​သည့်​အ​တိုင်း​ဟု​ဆို​ကြ​သော်​လည်းသင်​တို့​သည်​မ​ဟုတ်​မ​မှန်​ကျိန်​ဆို​ကြ​၏။

3 ထာ​ဝ​ရ​ဘု​ရား​သည်​သစ္စာ​ရှိ​မှု​ကို​အ​မှန်​ပင်​လို​လား​တော်​မူ​၏။ကိုယ်​တော်​သည်​သင်​တို့​အား​ဒဏ်​ခတ်​တော်​မူ​သော်​လည်း​သင်​တို့​သည်​ဂ​ရု​မ​စိုက်​ကြ။ဖျက်​ဆီး​ချေ​မှုန်း​တော်​မူ​သော်​လည်း​ပဲ့​ပြင်​ဆုံး​မ​မှု​ကို​သင်​တို့​မ​ခံ​မ​ယူ​လို​ကြ။သင်​တို့​သည်​ကျောက်​ခဲ​ထက်​ခေါင်း​မာ​လျက်​နောင်​တ​မ​ရ​ဘဲ​နေ​ကြ​၏။

4 ထို​နောက်​ငါ​က​ဤ​သူ​တို့​ကား​ဆင်း​ရဲ​သူ​များ​ဖြစ်​၏။မ​သိ​နား​မ​လည်​သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​အ​လို​တော်​ကို​လည်း​ကောင်း၊ဘု​ရား​သ​ခင်​ပြ​ဋ္ဌာန်း​တော်​မူ​သည့်​စည်း​မျဉ်း​ဥ​ပ​ဒေ​သ​တော်​တို့​ကို​သော်​လည်း​ကောင်းမ​သိ​ကြ​သ​ဖြင့်​မိုက်​မဲ​စွာ​ပြု​ကျင့်​ကြ​လေ​ပြီ။