ယေ​ရ​မိ 50:1-6 BCL

1 ထာ​ဝ​ရ​ဘု​ရား​သည်​ဗာ​ဗု​လုန်​မြို့​နှင့် ထို ပြည်​သူ​ပြည်​သား​တို့​ကို​ရည်​မှတ်​၍​ငါ့ အား​ဗျာ​ဒိတ်​ပေး​တော်​မူ​၏။ ကိုယ်​တော်​က၊

2 ``ဗာ​ဗု​လုန်​မြို့​သည်​ကျဆုံး​လေ​ပြီ။ ထို​မြို့ ၏​မေ​ရော​ဒပ် ဘု​ရား​သည်​လည်း​ကျိုး​ပဲ့​ကြေ​မွ​၍​သွား​လေ​ပြီ။ဗာ​ဗု​လုန်​မြို့​ရှိ​စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​ကောင်း​သည့် ရုပ်​တု​များ​သည်အ​ရှက်​ကွဲ​လျက်​ချေ​မှုန်း​ခြင်း​ကို​ခံ​ရ​ကြ​ပါ​သည် တ​ကား။ဤ​သ​တင်း​ကို​ထို​လူ​မျိုး​တ​ကာ​တို့​အား ပြော​ကြား​ကြေ​ညာ​လော့။အ​ချက်​ပြ​အ​လံ​ဟူ​၍​ကြော်​ငြာ​လော့။ ထို​သ​တင်း​ကို​လျှို့​ဝှက်​၍​မ​ထား​နှင့်။

3 ``မြောက်​အ​ရပ်​မှ​လူ​မျိုး​တစ်​ရပ်​သည်​ဗာ​ဗု​လုန် မြို့​ကို​တိုက်​ခိုက်​ရန်​ချီ​တက်​လာ​ပြီး​လျှင် ထို​မြို့ ကို​သဲ​ကန္တာ​ရ​ဖြစ်​စေ​ကြ​လိမ့်​မည်။ လူ​နှင့်​တိ​ရစ္ဆာန် များ​ထွက်​ပြေး​ကြ​မည်​ဖြစ်​၍​ထို​အ​ရပ်​သည် လူ​သူ​ဆိတ်​ငြိမ်​ရာ​ဖြစ်​လိမ့်​မည်'' ဟု​မိန့်​တော် မူ​၏။

4 ထာ​ဝ​ရ​ဘု​ရား​က``ထို​အ​ချိန်​ကာ​လ​ကျ ရောက်​လာ​သော​အ​ခါ ဣ​သ​ရေ​လ​နှင့်​ယု​ဒ ပြည်​သား​တို့​သည်​ငို​ယို​ကာ မိ​မိ​တို့​ဘု​ရား​သ​ခင်​တည်း​ဟူ​သော​ငါ့​အား​လိုက်​လံ​ရှာ​ဖွေ ကြ​လိမ့်​မည်။-

5 သူ​တို့​သည်​ဇိ​အုန်​မြို့​သို့​သွား​ရာ​လမ်း​ကို မေး​မြန်း​စုံ​စမ်း​လျက် ထို​မြို့​သို့​ရှေ့​ရှု​၍ သွား​ကြ​လိမ့်​မည်။ သူ​တို့​သည်​ထာ​ဝ​ရ ဘု​ရား​နှင့်​ထာ​ဝ​စဉ်​ပ​ဋိ​ညာဉ်​ဖွဲ့​ပြီး​လျှင် ထို​ပ​ဋိ​ညာဉ်​ကို​အ​ဘယ်​အ​ခါ​၌​မျှ​ချိုး ဖောက်​ကြ​လိမ့်​မည်​မ​ဟုတ်။

6 ``ငါ​၏​လူ​စု​တော်​သည်​တောင်​များ​ပေါ်​တွင် သိုး​ထိန်း​တို့​က​လမ်း​လွဲ​စေ​သည့်​သိုး​များ နှင့်​တူ​ကြ​၏။ သူ​တို့​သည်​တစ်​တောင်​တက် တစ်​တောင်​ဆင်း​သွား​လာ​ကာ မိ​မိ​တို့​သိုး​ခြံ ကို​မေ့​လျော့​သွား​သည့်​သိုး​များ​ကဲ့​သို့ လှည့်​လည်​သွား​လာ​ခဲ့​ကြ​လေ​ပြီ။-