10 ဗာဗုလုန်ပြည်သည်လုယက်ခြင်းကိုခံရ လိမ့်မည်။ လုယက်သူတို့သည်လည်း မိမိတို့ အလိုရှိသည့်ပစ္စည်းဥစ္စာမှန်သမျှကိုသိမ်း ယူကြလိမ့်မည်။ ဤကားငါထာဝရဘုရား မြွက်ဟသည့်စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
11 ဗာဗုလုန်မြို့သားတို့၊ သင်တို့သည်ငါ၏ နိုင်ငံတော်ကိုလုယက်ခဲ့ကြ၏။ သင်တို့သည် ကောက်နယ်သည့်နွားမကဲ့သို့သော်လည်း ကောင်း၊ ဟီလျက်နေသောမြင်းကဲ့သို့သော် လည်းကောင်း ဝမ်းမြောက်ရွှင်လန်းစွာသွား လာနေကြသော်လည်း၊-
12 သင်တို့၏မြို့သည်အရှက်ကွဲ၍အသရေ ပျက်လိမ့်မည်။ နိုင်ငံတကာတို့တွင်ဗာဗုလုန် နိုင်ငံသည် အသိမ်ငယ်ဆုံးသောနိုင်ငံဖြစ် လိမ့်မည်။ ယင်းသည်ခြောက်သွေ့၍ရေမရှိ သည့်သဲကန္တာရဖြစ်လိမ့်မည်။-
13 ငါ၏အမျက်တော်ကြောင့်ဗာဗုလုန်မြို့ တွင် အဘယ်သူမျှနေထိုင်ရကြလိမ့်မည် မဟုတ်။ ထိုမြို့သည်ယိုယွင်းပျက်စီးလျက် ကျန်ရစ်လိမ့်မည်။ အနီးမှဖြတ်သန်းသွား လာသူအပေါင်းတို့သည်ထိုမြို့ကြုံတွေ့ ရသည့်အဖြစ်အပျက်ကိုမြင်၍ လန့်ဖျပ် တုန်လှုပ်ကာအံ့သြ၍သွားကြလိမ့်မည်။
14 ``လေးသမားတို့၊ စစ်ရေးစစ်ရာခင်းကျင်း လျက်ဗာဗုလုန်မြို့ကိုတိုက်ခိုက်ဝိုင်းရံကြ လော့။ ဗာဗုလုန်မြို့သည်ငါထာဝရဘုရား အားပြစ်မှားလေပြီ။ သို့ဖြစ်၍သင်တို့၏ မြားရှိသမျှကိုထိုမြို့ထဲသို့ပစ်လွှတ် ကြလော့။-
15 မြို့ပတ်လည်တွင်စစ်တိုက်သံများကိုကြွေး ကြော်ကြလော့။ ယခုဗာဗုလုန်မြို့သည် လက်နက်ချလေပြီ။ မြို့တံတိုင်းတို့သည် ကျိုးပေါက်ပြိုကျသွားလေပြီ။ ငါသည် ဗာဗုလုန်အမျိုးသားတို့အားလက်စား ချေလျက်နေသည်ဖြစ်၍ သင်တို့သည်သူတို့ အပေါ်၌လက်စားချေကြလော့။ သူတစ်ပါး တို့အားသူတို့ပြုကျင့်ခဲ့ကြသည့်အတိုင်း သူတို့အားပြုကျင့်ကြလော့။-
16 ဗာဗုလုန်ပြည်တွင်ပျိုးကြဲခွင့်မပြုကြ နှင့်။ သူတို့ကိုလည်း အသီးအနှံများရိတ် သိမ်းခွင့်မပေးကြနှင့်။ ထိုအရပ်တွင်နေ ထိုင်လျက်ရှိသည့်လူမျိုးခြားမှန်သမျှ သည် ယခုစစ်ဆင်လျက်ရှိသည့်တပ်မတော် ကိုကြောက်သဖြင့် မိမိတို့ပြည်သို့ပြန် ကြလိမ့်မည်။