12 သင်တို့၏မြို့သည်အရှက်ကွဲ၍အသရေ ပျက်လိမ့်မည်။ နိုင်ငံတကာတို့တွင်ဗာဗုလုန် နိုင်ငံသည် အသိမ်ငယ်ဆုံးသောနိုင်ငံဖြစ် လိမ့်မည်။ ယင်းသည်ခြောက်သွေ့၍ရေမရှိ သည့်သဲကန္တာရဖြစ်လိမ့်မည်။-
13 ငါ၏အမျက်တော်ကြောင့်ဗာဗုလုန်မြို့ တွင် အဘယ်သူမျှနေထိုင်ရကြလိမ့်မည် မဟုတ်။ ထိုမြို့သည်ယိုယွင်းပျက်စီးလျက် ကျန်ရစ်လိမ့်မည်။ အနီးမှဖြတ်သန်းသွား လာသူအပေါင်းတို့သည်ထိုမြို့ကြုံတွေ့ ရသည့်အဖြစ်အပျက်ကိုမြင်၍ လန့်ဖျပ် တုန်လှုပ်ကာအံ့သြ၍သွားကြလိမ့်မည်။
14 ``လေးသမားတို့၊ စစ်ရေးစစ်ရာခင်းကျင်း လျက်ဗာဗုလုန်မြို့ကိုတိုက်ခိုက်ဝိုင်းရံကြ လော့။ ဗာဗုလုန်မြို့သည်ငါထာဝရဘုရား အားပြစ်မှားလေပြီ။ သို့ဖြစ်၍သင်တို့၏ မြားရှိသမျှကိုထိုမြို့ထဲသို့ပစ်လွှတ် ကြလော့။-
15 မြို့ပတ်လည်တွင်စစ်တိုက်သံများကိုကြွေး ကြော်ကြလော့။ ယခုဗာဗုလုန်မြို့သည် လက်နက်ချလေပြီ။ မြို့တံတိုင်းတို့သည် ကျိုးပေါက်ပြိုကျသွားလေပြီ။ ငါသည် ဗာဗုလုန်အမျိုးသားတို့အားလက်စား ချေလျက်နေသည်ဖြစ်၍ သင်တို့သည်သူတို့ အပေါ်၌လက်စားချေကြလော့။ သူတစ်ပါး တို့အားသူတို့ပြုကျင့်ခဲ့ကြသည့်အတိုင်း သူတို့အားပြုကျင့်ကြလော့။-
16 ဗာဗုလုန်ပြည်တွင်ပျိုးကြဲခွင့်မပြုကြ နှင့်။ သူတို့ကိုလည်း အသီးအနှံများရိတ် သိမ်းခွင့်မပေးကြနှင့်။ ထိုအရပ်တွင်နေ ထိုင်လျက်ရှိသည့်လူမျိုးခြားမှန်သမျှ သည် ယခုစစ်ဆင်လျက်ရှိသည့်တပ်မတော် ကိုကြောက်သဖြင့် မိမိတို့ပြည်သို့ပြန် ကြလိမ့်မည်။
17 ထာဝရဘုရားက``ဣသရေလပြည်သား တို့သည်ခြင်္သေ့များကိုက်သဖြင့် ကွဲလွင့်သွား သည့်သိုးများနှင့်တူကြ၏။ ဦးစွာပထမ အာရှုရိဘုရင်သည်သူတို့အားတိုက်ခိုက်၏။ ထိုနောက်ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာ ကသူတို့၏အရိုးများကိုတတိတိကိုက် ဖဲ့လေသည်။-
18 ဤအကြောင်းကြောင့်ဣသရေလအမျိုး သားတို့၏ဘုရားသခင်အနန္တတန်ခိုးရှင် ငါထာဝရဘုရားသည် အာရှုရိဘုရင် ကိုအပြစ်ဒဏ်ခတ်သည့်နည်းတူနေဗုခဒ် နေဇာမင်းနှင့်သူ၏နိုင်ငံကိုအပြစ်ဒဏ် ခတ်မည်။-