ယေ​ရ​မိ 50:21-27 BCL

21 ``ပုန်​ကန်​တတ်​သော​ပြည်​သား​နှင့် အ​ပြစ်​ဒဏ် သင့်​သည့်​ပြည်​သား​တို့​အား​တိုက်​ခိုက်​ကြ လော့။ သူ​တို့​အား​သတ်​ဖြတ်​သုတ်​သင်​ကြ လော့။ ငါ​မိန့်​မှာ​သ​မျှ​တို့​ကို​ပြု​ကြ​လော့။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘုရား​မြွက်​ဟ​သည့် စ​ကား​ဖြစ်​၏။-

22 ထို​ပြည်​တွင်​စစ်​တိုက်​သည့်​အ​သံ​ဗ​လံ​များ ကို​ကြား​ရ​၏။ ဆုံး​ပါး​ပျက်​စီး​မှု​ကား ကြီး​လှ​ပေ​၏။-

23 ဗာ​ဗု​လုန်​မြို့​သည်​တစ်​ကမ္ဘာ​လုံး​ကို​သံ​တူ နှင့်​ရိုက်​နှက်​ခဲ့​၏။ သို့​ရာ​တွင်​ယ​ခု​အ​ခါ​ထို သံ​တူ​သည်​အ​စိတ်​စိတ်​အ​မြွှာ​မြွှာ​ကျိုး​ပဲ့​၍ သွား​လေ​ပြီ​တ​ကား။ လူ​မျိုး​တ​ကာ​တို့​သည် ဗာ​ဗု​လုန်​မြို့​ကြုံ​တွေ့​ရ​သည့်​အ​ဖြစ်​အ​ပျက် ကို​မြင်​၍​လန့်​ဖျပ်​တုန်​လှုပ်​ကြ​ကုန်​၏။-

24 အို ဗာ​ဗု​လုန်​မြို့၊ သင်​သည်​ငါ့​ကို​တိုက်​ခိုက် ခဲ့​၏။ ငါ​ထောင်​ထား​သည့်​ထောင်​ချောက်​တွင် အ​မှတ်​မ​ထင်​ဖမ်း​မိ​လေ​ပြီ။-

25 ငါ​သည်​အ​မျက်​ထွက်​သ​ဖြင့်​မိ​မိ​၏​လက် နက်​တိုက်​ကို​ဖွင့်​၍​လက်​နက်​များ​ကို​ထုတ် ယူ​တော်​မူ​လေ​ပြီ။ အ​ဘယ်​ကြောင့်​ဆို​သော် ဗာ​ဗု​လုန်​မြို့​တွင်​အ​နန္တ​တန်​ခိုး​ရှင်​ငါ​ထာ ဝ​ရ​ဘု​ရား​ပြု​ရန်​အ​မှု​ရှိ​သော​ကြောင့် ဖြစ်​၏။-

26 ထို​မြို့​ကို​အ​ဘက်​ဘက်​မှ​နေ​၍​တိုက်​ခိုက်​ကြ လော့။ စ​ပါး​ကျီ​များ​ကို​ဖောက်​ဖျက်​ကြ​လော့။ တိုက်​ခိုက်​လု​ယက်​၍​ရ​သော​ဥစ္စာ​ပစ္စည်း​တို့​ကို စ​ပါး​ပုံ​များ​ကဲ့​သို့​စု​ပုံ​ထား​ကြ​လော့။ မြို့ ကို​သုတ်​သင်​ဖျက်​ဆီး​ကြ​လော့။ အ​ဘယ် အ​ရာ​ကို​မျှ​ချန်​လှပ်​မ​ထား​ကြ​နှင့်။-

27 စစ်​သည်​တပ်​သား​အ​ပေါင်း​ကို​သတ်​ဖြတ်​ကြ လော့။ အ​စု​လိုက်​အ​ပြုံ​လိုက်​သတ်​ကြ​လော့။ ဗာ​ဗု​လုန်​ပြည်​သား​တို့​သည်​အ​မင်္ဂ​လာ​ရှိ ကြ​၏။ သူ​တို့​အ​ပြစ်​ဒဏ်​ခံ​ရ​မည့်​နေ့​ရက် ကာ​လ​သည်​ကျ​ရောက်​လာ​လေ​ပြီ'' ဟု မိန့်​တော်​မူ​၏။