22 ထိုပြည်တွင်စစ်တိုက်သည့်အသံဗလံများ ကိုကြားရ၏။ ဆုံးပါးပျက်စီးမှုကား ကြီးလှပေ၏။-
23 ဗာဗုလုန်မြို့သည်တစ်ကမ္ဘာလုံးကိုသံတူ နှင့်ရိုက်နှက်ခဲ့၏။ သို့ရာတွင်ယခုအခါထို သံတူသည်အစိတ်စိတ်အမြွှာမြွှာကျိုးပဲ့၍ သွားလေပြီတကား။ လူမျိုးတကာတို့သည် ဗာဗုလုန်မြို့ကြုံတွေ့ရသည့်အဖြစ်အပျက် ကိုမြင်၍လန့်ဖျပ်တုန်လှုပ်ကြကုန်၏။-
24 အို ဗာဗုလုန်မြို့၊ သင်သည်ငါ့ကိုတိုက်ခိုက် ခဲ့၏။ ငါထောင်ထားသည့်ထောင်ချောက်တွင် အမှတ်မထင်ဖမ်းမိလေပြီ။-
25 ငါသည်အမျက်ထွက်သဖြင့်မိမိ၏လက် နက်တိုက်ကိုဖွင့်၍လက်နက်များကိုထုတ် ယူတော်မူလေပြီ။ အဘယ်ကြောင့်ဆိုသော် ဗာဗုလုန်မြို့တွင်အနန္တတန်ခိုးရှင်ငါထာ ဝရဘုရားပြုရန်အမှုရှိသောကြောင့် ဖြစ်၏။-
26 ထိုမြို့ကိုအဘက်ဘက်မှနေ၍တိုက်ခိုက်ကြ လော့။ စပါးကျီများကိုဖောက်ဖျက်ကြလော့။ တိုက်ခိုက်လုယက်၍ရသောဥစ္စာပစ္စည်းတို့ကို စပါးပုံများကဲ့သို့စုပုံထားကြလော့။ မြို့ ကိုသုတ်သင်ဖျက်ဆီးကြလော့။ အဘယ် အရာကိုမျှချန်လှပ်မထားကြနှင့်။-
27 စစ်သည်တပ်သားအပေါင်းကိုသတ်ဖြတ်ကြ လော့။ အစုလိုက်အပြုံလိုက်သတ်ကြလော့။ ဗာဗုလုန်ပြည်သားတို့သည်အမင်္ဂလာရှိ ကြ၏။ သူတို့အပြစ်ဒဏ်ခံရမည့်နေ့ရက် ကာလသည်ကျရောက်လာလေပြီ'' ဟု မိန့်တော်မူ၏။
28 (ဗာဗုလုန်ပြည်မှလွတ်မြောက်လာသောစစ် ပြေးဒုက္ခသည်များသည်ဇိအုန်မြို့သို့လာ ရောက်ပြီးလျှင် ကိုယ်တော်၏ဗိမာန်တော်ကို ဗာဗုလုန်ပြည်သားတို့ဖျက်ဆီးကြသည့် အတွက် ငါတို့ဘုရားသခင်ထာဝရ ဘုရားသည်သူတို့အားအဘယ်သို့လက် စားချေတော်မူကြောင်းကိုပြောပြကြ၏။)