35 ထာဝရဘုရားက``ဗာဗုလုန်ပြည်သည် ပျက်ပြုန်း ရလိမ့်မည်။ပြည်သူပြည်သားများ၊အုပ်စိုးသူများနှင့် ပညာရှိများသည်သေဆုံးရကြလိမ့်မည်။
36 ထိုပြည်၏မိစ္ဆာပရောဖက်တို့သည်သေဆုံး ရကြလိမ့်မည်။သူတို့သည်အလွန်မိုက်မဲသူများဖြစ်၏။ထိုပြည်၏စစ်သည်တပ်သားတို့သည် သေဆုံးရကြလိမ့်မည်။သူတို့သည်အလွန်ကြောက်လန့်တုန်လှုပ်လျက် ရှိကြ၏။
37 သူတို့၏မြင်းများ၊စစ်ရထားများကို ဖျက်ဆီးပစ်ကြလော့။ငှားရမ်းထားသည့်စစ်သည်တပ်သားတို့ သည် သေဆုံးရကြလိမ့်မည်။သူတို့သည်အလွန်အားအင်ချည့်နဲ့လျက် နေကြ၏။ဗာဗုလုန်မြို့၏ပစ္စည်းဘဏ္ဍာများကို ဖျက်ဆီးပစ်ကြလော့။ယင်းတို့ကိုတိုက်ခိုက်လုယက်ကြလော့။
38 ထိုပြည်တွင်မိုးခေါင်စေ၍မြစ်များကိုခန်း ခြောက် စေကြလော့။ဗာဗုလုန်ပြည်သည်ထိတ်လန့်ဖွယ်ကောင်းသည့် ရုပ်တုပေါများသည့်ပြည်ဖြစ်ပေသည်။ထိုရုပ်တုများကြောင့်ပြည်သူတို့သည် မိုက်မဲသူများဖြစ်ကြလေပြီ။
39 ``သို့ဖြစ်၍ဗာဗုလုန်မြို့သည်နတ်ဆိုးများ၊ ဆိုးညစ်သောဝိညာဉ်များနှင့် ငှက်ဆိုးများ ခိုအောင်းရာဖြစ်လိမ့်မည်။ ထိုမြို့သည်နောင် ကာလအစဉ်အဆက်လူသူကင်းမဲ့ရာ အရပ်ဖြစ်လိမ့်မည်။-
40 သောဒုံမြို့၊ ဂေါမောရမြို့နှင့်နီးနားဝန်းကျင် ကျေးရွာများသည် ငါ၏ဖျက်ဆီးခြင်းကိုခံခဲ့ ရသည့်နည်းတူ ဗာဗုလုန်မြို့သည်လည်းခံရ လိမ့်မည်။ ကာလအနည်းငယ်မျှပင်လျှင်ထို မြို့တွင်နေထိုင်သူတစ်ဦးတစ်ယောက်မျှရှိ လိမ့်မည်မဟုတ်။ ဤကားငါထာဝရဘုရား မြွက်ဟသည့်စကားဖြစ်၏။
41 ``မြောက်ဘက်နိုင်ငံတစ်ခုမှလူတို့သည် ချီတက်၍လာလိမ့်မည်။ရပ်ဝေးမှတန်ခိုးကြီးမားသည့်နိုင်ငံဖြစ်သည်။ဘုရင်များသည်စစ်တိုက်ရန်ပြင်ဆင်လျက်ရှိ၏။