ယေ​ရ​မိ 50:6-12 BCL

6 ``ငါ​၏​လူ​စု​တော်​သည်​တောင်​များ​ပေါ်​တွင် သိုး​ထိန်း​တို့​က​လမ်း​လွဲ​စေ​သည့်​သိုး​များ နှင့်​တူ​ကြ​၏။ သူ​တို့​သည်​တစ်​တောင်​တက် တစ်​တောင်​ဆင်း​သွား​လာ​ကာ မိ​မိ​တို့​သိုး​ခြံ ကို​မေ့​လျော့​သွား​သည့်​သိုး​များ​ကဲ့​သို့ လှည့်​လည်​သွား​လာ​ခဲ့​ကြ​လေ​ပြီ။-

7 သူ​တို့​သည်​မိ​မိ​တို့​နှင့်​ကြုံ​တွေ့​ရ​သူ​လူ အ​ပေါင်း​တို့​၏​တိုက်​ခိုက်​မှု​ကို​ခံ​ရ​ကြ​၏။ သူ​တို့​၏​ရန်​သူ​များ​က`ထို​သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို​ပြစ်​မှား​ကြ​သည်​ဖြစ်​၍ သူ​တို့​အား​ငါ​တို့​ပြု​သည့်​အ​မှု​သည်​မ​မှား။ သူ​တို့​၏​ဘိုး​ဘေး​များ​သည်​ထာ​ဝ​ရ​ဘု​ရား ကို​ယုံ​ကြည်​ကိုး​စား​ခဲ့​သူ​များ​ဖြစ်​သ​ဖြင့် သူ​တို့​ကိုယ်​တိုင်​သည်​လည်း​ကိုယ်​တော်​အား သစ္စာ​စောင့်​သင့်​ကြ​ပေ​သည်' ဟု​ဆို​ကြ​၏။

8 ``အို ဣ​သ​ရေ​လ​ပြည်​သား​တို့၊ ဗာ​ဗု​လုန်​မြို့ မှ​ထွက်​ပြေး​ကြ​လော့။ ထို​ပြည်​မှ​ထွက်​ခွာ သွား​ကြ​လော့။ အ​ဦး​အ​ဖျား​ထွက်​ခွာ သွား​ကြ​လော့။-

9 ငါ​သည်​မြောက်​အ​ရပ်​ရှိ​ခွန်​အား​ကြီး​မား သည့်​နိုင်​ငံ​များ​ကို​လှုံ့​ဆော်​ကာ ဗာ​ဗု​လုန်​မြို့ ကို​တိုက်​ခိုက်​စေ​မည်။ သူ​တို့​သည်​စစ်​ရေး​စစ် ရာ​ခင်း​ကျင်း​လျက်​ထို​မြို့​ကို​တိုက်​ခိုက်​သိမ်း ယူ​ကြ​လိမ့်​မည်။ သူ​တို့​သည်​ပစ်​မှတ်​ကို​အ​စဉ် ထိ​မှန်​အောင်​ပစ်​ခတ်​နိုင်​သူ​မု​ဆိုး​ကျော် များ​ကဲ့​သို့​မိ​မိ​တို့​လေး​များ​ကို​ပစ်​ခတ် တတ်​ကြ​၏။-

10 ဗာ​ဗု​လုန်​ပြည်​သည်​လု​ယက်​ခြင်း​ကို​ခံ​ရ လိမ့်​မည်။ လု​ယက်​သူ​တို့​သည်​လည်း မိ​မိ​တို့ အ​လို​ရှိ​သည့်​ပစ္စည်း​ဥစ္စာ​မှန်​သ​မျှ​ကို​သိမ်း ယူ​ကြ​လိမ့်​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား မြွက်​ဟ​သည့်​စကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။

11 ဗာ​ဗု​လုန်​မြို့​သား​တို့၊ သင်​တို့​သည်​ငါ​၏ နိုင်​ငံ​တော်​ကို​လု​ယက်​ခဲ့​ကြ​၏။ သင်​တို့​သည် ကောက်​နယ်​သည့်​နွား​မ​ကဲ့​သို့​သော်​လည်း ကောင်း၊ ဟီ​လျက်​နေ​သော​မြင်း​ကဲ့​သို့​သော် လည်း​ကောင်း ဝမ်း​မြောက်​ရွှင်​လန်း​စွာ​သွား လာ​နေ​ကြ​သော်​လည်း၊-

12 သင်​တို့​၏​မြို့​သည်​အ​ရှက်​ကွဲ​၍​အ​သ​ရေ ပျက်​လိမ့်​မည်။ နိုင်​ငံ​တ​ကာ​တို့​တွင်​ဗာ​ဗု​လုန် နိုင်​ငံ​သည် အ​သိမ်​ငယ်​ဆုံး​သော​နိုင်​ငံ​ဖြစ် လိမ့်​မည်။ ယင်း​သည်​ခြောက်​သွေ့​၍​ရေ​မ​ရှိ သည့်​သဲ​ကန္တာ​ရ​ဖြစ်​လိမ့်​မည်။-