ယေ​ရ​မိ 51:16-22 BCL

16 အ​မိန့်​ပေး​တော်​မူ​သော​အ​ခါ​မိုး​ကောင်း​ကင် အထက်​ရှိ ရေ​တို့​သည်​အ​သံ​မြည်​ဟည်း​ကြ​ကုန်​၏။ကိုယ်​တော်​သည်​မြေ​ကြီး​စွန်း​မှ​မိုး​တိမ်​များ​ကို တက်​စေ​တော်​မူ​၏။မိုး​ရွာ​လျက်​နေ​စဉ်​လျှပ်​စစ်​များ​ကို​ပြက်​စေ တော်​မူ​ကာမိ​မိ​သို​လှောင်​ထား​ရာ​မှ​လေ​ကို​လည်း တိုက်​စေ​တော်​မူ​၏။

17 ဤ​သို့​ပြု​တော်​မူ​သ​ဖြင့်​လူ​အ​ပေါင်း​တို့​သည် ဉာဏ်​ပ​ညာ၊ အ​သိ​ဉာဏ်​ကင်း​မဲ့​သူ​များ​ဖြစ်​ရ​ကြ​ကုန်​၏။ရုပ်​တု​ကို​သွန်း​သူ​မှန်​သ​မျှ​သည်မိ​မိ​တို့​သွန်း​လုပ်​သည့်​ရုပ်​တု​များ​မှာ​ဘု​ရား အ​စစ်​အ​မှန်​မ​ဟုတ်​သ​ဖြင့်​စိတ်​ပျက်​ကြ ကုန်​၏။ထို​ရုပ်​တု​များ​တွင်​အ​သက်​မ​ရှိ။

18 ယင်း​တို့​သည်​အ​ချည်း​နှီး​သက်​သက်​ဖြစ်​၍ စက်​ဆုတ်​ရွံ​ရှာ​ဖွယ်​သာ​လျှင်​ဖြစ်​ပေ​သည်။ကိုယ်​တော်​သည်​အ​ပြစ်​ဒဏ်​စီ​ရင်​ရန် ကြွ​လာ​တော်​မူ​သော​အ​ခါ၊ထို​ရုပ်​တု​တို့​ကို​သုတ်​သင်​ဖျက်​ဆီး​ပစ်​တော် မူ​လိမ့်​မည်။

19 ယာ​ကုပ်​၏​ဘု​ရား​သ​ခင်​ကား​ရုပ်​တု​များ ကဲ့​သို့​မ​ဟုတ်။ကိုယ်​တော်​သည်​အ​ရာ​ခပ်​သိမ်း​ကို ဖန်​ဆင်း​တော်​မူ​သော​အ​ရှင်​ဖြစ်​၍၊ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​မိ​မိ​ကိုယ်​ပိုင် လူ​စု​တော်​အ​ဖြစ်​ရွေး​ချယ်​ထား​တော်​မူ​လေ​ပြီ။ကိုယ်​တော်​၏​နာ​မ​တော်​ကား​အ​နန္တ​တန်ခိုး​ရှင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​၏။

20 ထာ​ဝ​ရ​ဘု​ရား​က``အို ဗာ​ဗု​လုန်​မြို့၊သင်​သည်​ငါ​၏​သံ​တူ၊စစ်​တိုက်​ရာ​တွင် ငါ​အ​သုံး​ပြု​သည့်​လက်​နက်​ဖြစ်​၏။ငါ​သည်​သင့်​ကို​အ​သုံး​ပြု​၍​လူ​မျိုး​တ​ကာ​ကို ချေ​မှုန်း​ခဲ့​၏။တိုင်း​နိုင်​ငံ​တို့​ကို​ပြို​ကွဲ​စေ​ခဲ့​၏။

21 မြင်း​နှင့်​မြင်း​စီး​သူ​ရဲ​များ​ကို​လည်း​ကောင်း၊ရ​ထား​နှင့်​ရ​ထား​ထိန်း​များ​ကို​လည်း​ကောင်း က​စဥ့်​က​လျား​ဖြစ်​စေ​ခဲ့​၏။

22 အ​မျိုး​သား၊အ​မျိုး​သ​မီး​များ​ကို​လည်း​ကောင်း၊အ​သက်​ကြီး​သူ၊အ​သက်​ငယ်​သူ​များ ကို​လည်း​ကောင်း၊ယောကျာ်း​က​လေး​များ​နှင့်​မိန်း​က​လေး​များ ကို​လည်း​ကောင်း​ကွပ်​မျက်​ခဲ့​၏။