30 ဗာဗုလုန်စစ်သည်တပ်သားတို့သည်စစ်မတိုက် ကြတော့ဘဲမိမိတို့ခံတပ်များအတွင်း၌သာ လျှင်နေလျက်ရှိကြ၏။ သူတို့သည်စိတ်ပျက် အားလျော့ကာအမျိုးသမီးများသဖွယ်ဖြစ် ကြလေကုန်ပြီ။ မြို့တံခါးတို့သည်ကျိုးပေါက် ကုန်လျက်အိမ်များသည်လည်းမီးလောင်၍နေ၏။-
31 ဗာဗုလုန်မြို့သည်အဘက်ဘက်မှပြိုကျလျက် ရှိကြောင်းဗာဗုလုန်ဘုရင်အားမင်းလုလင်တို့ သည် တစ်ဦးပြီးတစ်ဦးလာရောက်လျှောက်ထား ကြ၏။-
32 ရန်သူသည်မြစ်ကူးလမ်းကိုသိမ်းပိုက်ပြီးလျှင် ရဲတိုက်များကိုမီးရှို့ကြလေပြီ။ ဗာဗုလုန် စစ်သည်တပ်သားတို့သည်လည်းထိတ်လန့် တုန်လှုပ်၍သွားကြလေကုန်ပြီ။-
33 မကြာမီပင်ရန်သူသည်သူတို့အားခုတ်ထစ် ပြီးလျှင် ကောက်နယ်တလင်းမှစပါးများကဲ့ သို့နင်းနယ်ကြလိမ့်မည်။ ဤကားဣသရေလ အမျိုးသားတို့၏ဘုရားသခင်အနန္တတန် ခိုးရှင်ထာဝရဘုရားမြွက်ဟသည့်စကား ဖြစ်၏'' ဟုမိန့်တော်မူ၏။
34 ဗာဗုလုန်ဘုရင်သည်ယေရုရှလင်မြို့ကို ခုတ်ထစ်ကိုက်စားခဲ့၏။သူသည်ထိုမြို့ကိုအိုးသဖွယ်သွန်မှောက်ကာ မြွေနဂါးကဲ့သို့မျိုချခဲ့၏။သူသည်မိမိအလိုရှိရာကိုသိမ်းယူပြီး လျှင် ကျန်ပစ္စည်းများကိုမူပစ်ထုတ်လိုက်လေသည်။
35 ``ငါတို့ခံရသည့်အကြမ်းဖက်မှုများ အတွက် ဗာဗုလုန်မြို့တွင်တာဝန်ရှိစေသတည်း'' ဟုဇိအုန်မြို့သားတို့ ပြောဆိုကြစေ၏။``ငါတို့ခံစားရသည့်ဘေးဒုက္ခများအတွက် ဗာဗုလုန်မြို့တွင်တာဝန်ရှိစေသတည်း''ဟုယေရုရှလင်မြို့သားတို့ပြောဆိုကြစေ။
36 သို့ဖြစ်၍ထာဝရဘုရားသည်ယေရုရှလင် မြို့သူမြို့သားတို့အား``ငါသည်သင်တို့၏ အကျိုးကိုပြုစု၍သင်တို့အတွက်လက်စား ချေမည်။ ဗာဗုလုန်ပြည်၏စမ်းရေတွင်းများ နှင့်မြစ်များကိုခန်းခြောက်စေမည်။-