ယေ​ရ​မိ 51:31-37 BCL

31 ဗာ​ဗု​လုန်​မြို့​သည်​အ​ဘက်​ဘက်​မှ​ပြို​ကျ​လျက် ရှိ​ကြောင်း​ဗာ​ဗု​လုန်​ဘု​ရင်​အား​မင်း​လု​လင်​တို့ သည် တစ်​ဦး​ပြီး​တစ်​ဦး​လာ​ရောက်​လျှောက်​ထား ကြ​၏။-

32 ရန်​သူ​သည်​မြစ်​ကူး​လမ်း​ကို​သိမ်း​ပိုက်​ပြီး​လျှင် ရဲ​တိုက်​များ​ကို​မီး​ရှို့​ကြ​လေ​ပြီ။ ဗာ​ဗု​လုန် စစ်​သည်​တပ်​သား​တို့​သည်​လည်း​ထိတ်​လန့် တုန်​လှုပ်​၍​သွား​ကြ​လေ​ကုန်​ပြီ။-

33 မ​ကြာ​မီ​ပင်​ရန်​သူ​သည်​သူ​တို့​အား​ခုတ်​ထစ် ပြီး​လျှင် ကောက်​နယ်​တ​လင်း​မှ​စ​ပါး​များ​ကဲ့ သို့​နင်း​နယ်​ကြ​လိမ့်​မည်။ ဤ​ကား​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​အ​နန္တ​တန် ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့်​စ​ကား ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။

34 ဗာ​ဗု​လုန်​ဘု​ရင်​သည်​ယေ​ရု​ရှ​လင်​မြို့​ကို ခုတ်​ထစ်​ကိုက်​စား​ခဲ့​၏။သူ​သည်​ထို​မြို့​ကို​အိုး​သ​ဖွယ်​သွန်​မှောက်​ကာ မြွေ​န​ဂါး​ကဲ့​သို့​မျို​ချခဲ့​၏။သူ​သည်​မိ​မိ​အ​လို​ရှိ​ရာ​ကို​သိမ်း​ယူ​ပြီး လျှင် ကျန်​ပစ္စည်း​များ​ကို​မူ​ပစ်​ထုတ်​လိုက်​လေ​သည်။

35 ``ငါ​တို့​ခံ​ရ​သည့်​အ​ကြမ်း​ဖက်​မှု​များ အ​တွက် ဗာ​ဗု​လုန်​မြို့​တွင်တာ​ဝန်​ရှိ​စေ​သ​တည်း'' ဟု​ဇိ​အုန်​မြို့​သား​တို့ ပြော​ဆို​ကြ​စေ​၏။``ငါ​တို့​ခံ​စား​ရ​သည့်​ဘေး​ဒုက္ခ​များ​အ​တွက် ဗာ​ဗု​လုန်​မြို့​တွင်​တာ​ဝန်​ရှိ​စေ​သတည်း''ဟုယေ​ရု​ရှ​လင်​မြို့​သား​တို့​ပြော​ဆို​ကြ​စေ။

36 သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည်​ယေ​ရု​ရှ​လင် မြို့​သူ​မြို့​သား​တို့​အား``ငါ​သည်​သင်​တို့​၏ အ​ကျိုး​ကို​ပြု​စု​၍​သင်​တို့​အ​တွက်​လက်​စား ချေ​မည်။ ဗာ​ဗု​လုန်​ပြည်​၏​စမ်း​ရေ​တွင်း​များ နှင့်​မြစ်​များ​ကို​ခန်း​ခြောက်​စေ​မည်။-

37 ထို​အ​ခါ​ဗာ​ဗု​လုန်​မြို့​သည်​တော​တိ​ရစ္ဆာန်​ခို အောင်း​ရာ အ​ဆောက်​အ​အုံ​ပျက်​များ​ဖြစ်​၍​နေ လိမ့်​မည်။ ယင်း​သည်​တုန်​လှုပ်​ချောက်​ချား​ဖွယ် ကောင်း​သော​မြင်​ကွင်း​ဖြစ်​၍ လူ​သူ​ဆိတ်​ငြိမ် ရာ​ဖြစ်​လိမ့်​မည်။-