38 ဗာဗုလုန်အမျိုးသားတို့သည်ခြင်္သေ့များ ကဲ့သို့ဟောက်ကြ၏။ ခြင်္သေ့ငယ်များကဲ့သို့ ဟိန်းကြ၏။-
39 သူတို့သည်အစားကြူးသူများပေလော။ ငါ သည်သူတို့အားစားပွဲကြီးတစ်ခုတည်ခင်း ကျွေးမွေးကာမူးယစ်ပျော်ရွင်စေမည်။ သူတို့ သည်အိပ်ပျော်၍သွားပြီးလျှင်နောင်အဘယ် အခါ၌မျှနိုးထကြတော့မည်မဟုတ်။-
40 ငါသည်သူတို့အားသိုးသငယ်များကဲ့သို့ လည်းကောင်း၊ ဆိတ်ထီး၊ သိုးထီးများကဲ့သို့ လည်းကောင်းသတ်ရန်ခေါ်ဆောင်သွားမည် ဟုမိန့်တော်မူ၏။
41 ထာဝရဘုရားသည်ဗာဗုလုန်မြို့အကြောင်း နှင့်ပတ်သက်၍မိန့်တော်မူသည်မှာ``ကမ္ဘာတစ် ဝှမ်းလုံးကချီးမွမ်းထောမနာပြုသည့်ဗာ ဗုလုန်မြို့သည်အသိမ်းခံရလေပြီ။ ဗာဗု လုန်မြို့သည်လူမျိုးတကာတို့အတွက် လန့်ဖျပ်တုန်လှုပ်စရာဖြစ်၍လာလေပြီ။-
42 ပင်လယ်ရေသည်ဗာဗုလုန်ပြည်ပေါ်သို့ လှိမ့်တက်ကာလှိုင်းတံပိုးများဖြင့်ဖုံး လွှမ်းလိုက်လေပြီ။-
43 မြို့တို့သည်လန့်ဖျပ်တုန်လှုပ်စရာမြင်ကွင်း ဖြစ်လာကြလျက်လူသူဆိတ်ငြိမ်ရာ၊ ရေ မရှိသည့်သဲကန္တာရနှင့်တူကြ၏။ ထိုမြို့ များသို့အဘယ်သူမျှလည်းခရီးမပြု ကြ။-
44 ငါသည်ဗာဗုလုန်မြို့၏ဗေလဘုရားကို အပြစ်ဒဏ်ခတ်၍ ခိုးရာပါပစ္စည်းများကို လည်းပြန်အပ်စေမည်။ လူမျိုးတကာတို့ သည်သူ့အားနောက်တစ်ဖန်ဝတ်ပြုကိုး ကွယ်ကြတော့မည်မဟုတ်။``ဗာဗုလုန်မြို့ရိုးများသည်ပြိုကျလေပြီ။-