ယေ​ရ​မိ 51:6-12 BCL

6 ဗာ​ဗု​လုန်​မြို့​မှ​ထွက်​ပြေး​ကြ​လော့။ သင်​တို့ သည်​အ​သက်​ဘေး​မှ​လွတ်​မြောက်​ရန်​ထွက် ပြေး​လော့။ ဗာ​ဗု​လုန်​အ​ပြစ်​ကြောင့်​အ​သေ မ​ခံ​ကြ​နှင့်။ ယ​ခု​ငါ​သည်​ဗာ​ဗု​လုန်​မြို့ အာ​ခံ​သည့်​အ​ပြစ်​ဒဏ်​အ​တွက်​လက်​စား ချေ​လျက်​ရှိ​၏။-

7 ဗာ​ဗု​လုန်​မြို့​သည်​ငါ​ကိုင်​၍​ထား​သည့်​ရွှေ ဖ​လား၊ ကမ္ဘာ​တစ်​ဝှမ်း​လုံး​ကို​မူး​ယစ်​စေ​သည့် စ​ပျစ်​ရည်​ခွက်​ဖ​လား​နှင့်​တူ​၏။ လူ​မျိုး တ​ကာ​တို့​သည်​ထို​ခွက်​ဖ​လား​မှ​စ​ပျစ် ရည်​ကို​သောက်​၍​ရူး​သွတ်​ကြ​ကုန်​၏။-

8 ဗာ​ဗု​လုန်​မြို့​သည်​ရုတ်​တ​ရက်​ပြို​လဲ​ပျက် စီး​သွား​လေ​ပြီ။ ထို​မြို့​အ​တွက်​ငို​ကြွေး ကြ​လော့။ သူ​၏​ဒဏ်​ရာ​များ​အ​တွက်​ဆေး ဝါး​ကို​ရှာ​ကြ​လော့။ သူ့​အား​အ​နာ​ရော​ဂါ ပျောက်​ကင်း​အောင်​ကု​သ​ကောင်း​ကု​သ​နိုင် ပေ​လိမ့်​မည်။-

9 `ငါ​တို့​သည်​ဗာ​ဗု​လုန်​မြို့​ကို​ကူ​မ​ရန်​ကြိုး စား​ကြ​ပါ​သော်​လည်း​များ​စွာ​နောက်​ကျ​၍ နေ​လေ​ပြီ။ လာ​ကြ။ ထို​မြို့​မှ​ထွက်​ခွာ​၍​ငါ တို့​ပြည်​သို့​ပြန်​ကြ​ကုန်​အံ့။ ဘု​ရား​သခင်​သည် အ​နန္တ​တန်​ခိုး​တော်​ဖြင့်​ဗာ​ဗု​လုန်​မြို့​ကို​အ ပြစ်​ဒဏ်​စီ​ရင်​တော်​မူ​ပြီ။ လုံး​ဝ​သုတ်​သင် ဖျက်​ဆီး​တော်​မူ​ပြီ' ဟု​ဆို​ကြ​၏။

10 ``ငါ​၏​လူ​စု​တော်​က`ငါ​တို့​ဖြောင့်​မှန်​ကြောင်း ကို ထာ​ဝ​ရ​ဘု​ရား​ပြ​တော်​မူ​လေ​ပြီ။ ငါ တို့​သည်​ဇိ​အုန်​မြို့​သူ​မြို့​သား​တို့​ထံ​သို့ သွား​၍ ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ပြု​တော်​မူ​သော​အ​မှု​တော်​ကို ပြော​ကြား​ကြ​ကုန်​အံ့' ဟု​ကြွေး​ကြော်​၏'' ဟု​မိန့်​တော်​မူ​၏။

11 ထာ​ဝ​ရ​ဘု​ရား​သည်​ဗာ​ဗု​လုန်​မြို့​ကို​သုတ် သင်​ဖျက်​ဆီး​ပစ်​ရန်​အ​ကြံ​ရှိ​တော်​မူ​သ​ဖြင့် မေ​ဒိ​ဘု​ရင်​တို့​ကို​လှုံ့​ဆော်​ပေး​တော်​မူ​လေ ပြီ။ ထို​နည်း​အား​ဖြင့်​ထာ​ဝ​ရ​ဘု​ရား​သည် ကိုယ်​တော်​၏​ဗိ​မာန်​တော်​ဖျက်​ဆီး​ခံ​ခဲ့ ရ​ခြင်း​အ​တွက်​လက်​စား​ချေ​တော်​မူ​မည်။တိုက်​ခိုက်​နေ​သူ​တပ်​မ​တော်​အ​ရာ​ရှိ​များ က``သင်​တို့​၏​မြား​များ​ကို​ချွန်​ကြ​လော့။ ဒိုင်း​လွှား​များ​ကို​ကိုင်​ဆောင်​ကြ​လော့။-

12 ဗာ​ဗု​လုန်​မြို့​ရိုး​တို့​ကို​တိုက်​ခိုက်​ရန်​အ​ချက် ပေး​ကြ​လော့။ သင်​တို့​၏​အ​စောင့်​တပ်​ကို​အား ဖြည့်​ကြ​လော့။ ကင်း​လု​လင်​တို့​ကို​နေ​ရာ​ယူ စေ​ကြ​လော့။ ခြုံ​ခို​တိုက်​ခိုက်​မည့်​တပ်​သား တို့​ကို​ချ​ထား​ကြ​လော့'' ဟု​အ​မိန့်​ပေး ကြ​၏။ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​ကြံ​စည်​ထား​တော် မူ​သည်​အ​တိုင်း၊ ဗာ​ဗု​လုန်​ပြည်​သား​တို့​အား မိ​မိ​ကြိမ်း​မောင်း​ထား​သည်​နှင့်​အ​ညီ​ပြု တော်​မူ​လေ​ပြီ။-