ယေ​ရ​မိ 52:1-4 BCL

1 ဇေ​ဒ​ကိ​သည်​နန်း​တက်​စဉ်​အ​ခါ​က​အ​သက် နှစ်​ဆယ့်​တစ်​နှစ်​ရှိ​၍ ယေ​ရု​ရှ​လင်​မြို့​တွင်​တစ် ဆယ့်​တစ်​နှစ်​မျှ​နန်း​စံ​ရ​လေ​သည်။ သူ့​မယ် တော်​မှာ​လိ​ဗ​န​မြို့​သား​ယေ​ရ​မိ​၏​သ​မီး ဟာ​မု​တ​လ​ဖြစ်​၏။-

2 ဇေ​ဒ​ကိ​မင်း​သည်​ယော​ယ​ကိမ်​မင်း​ကဲ့​သို့ ပင်​ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​၌​မ​ကောင်း မှု​များ​ကို​ပြု​၏။-

3 ယေ​ရု​ရှ​လင်​မြို့​နှင့်​ယု​ဒ​ပြည်​၏​အ​ခြေ အ​နေ​သည်​အ​လွန်​ဆိုး​ရွား​၍​လာ​သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား​သည်​အ​မျက်​ထွက်​ပြီး လျှင်​ပြည်​သား​တို့​အား​ပြည်​နှင်​ဒဏ်​သင့် စေ​တော်​မူ​၏။ဇေ​ဒ​ကိ​သည်​ဗာ​ဗု​လုန်​ဘု​ရင်​ကို​ပုန်​ကန် သ​ဖြင့်၊-

4 ယု​ဒ​ဘု​ရင်​ဇေ​ဒ​ကိ​နန်း​စံ​န​ဝ​မ​နှစ်၊ ဒ​သ​မ​လ၊ ဆယ်​ရက်​နေ့​၌​ဗာ​ဗု​လုန်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​သည် မိ​မိ​၏​စစ်​သည်​တပ် သား​အ​ပေါင်း​တို့​နှင့်​အ​တူ​ယေ​ရု​ရှ​လင် မြို့​ကို​တိုက်​ခိုက်​ရန်​ချီ​တက်​လာ​၏။ သူ​တို့ သည်​မြို့​ပြင်​တွင်​တပ်​စ​ခန်း​ချ​၍​မြို့​ပတ် လည်​တွင်​မြေ​က​တုတ်​များ​ကို​ဖို့​လုပ်​ကြ​၏။-