ယေ​ရ​မိ 52:15-21-22 BCL

15 ထို​နောက်​မင်း​ကြီး​၏​အ​စောင့်​တပ်​မ​တော်​မှူး နေ​ဗု​ဇာ​ရ​ဒန်​သည်​မြို့​ထဲ​တွင်​ကျန်​ရှိ​နေ သေး​သည့်​သူ​များ၊ လက်​မှု​ပ​ညာ​သည်​အ​ကြွင်း အ​ကျန်​များ​နှင့် ဗာ​ဗု​လုန်​မြို့​သား​တို့​ဘက် သို့​ကူး​ပြောင်း​လာ​သူ​များ​အား ဗာ​ဗု​လုန် မြို့​သို့​ခေါ်​ဆောင်​သွား​လေ​သည်။-

16 သို့​ရာ​တွင်​အ​လွန့်​အ​လွန်​ဆင်း​ရဲ​သော​သူ အ​ချို့​ကို​မူ ယု​ဒ​ပြည်​တွင်​ချန်​ထား​ခဲ့​၍ စ​ပျစ်​ဥ​ယျာဉ်​များ​နှင့်​လယ်​ယာ​များ​တွင် အ​လုပ်​လုပ်​စေ​၏။

17 ဗာ​ဗု​လုန်​အ​မျိုး​သား​တို့​သည်​ဗိ​မာန်​တော် ထဲ​ရှိ​ကြေး​ဝါ​တိုင်​ကြီး​များ၊ ကြေး​ဝါ​အောက် ခံ​ခုံ​များ​နှင့်​ကြေး​ဝါ​ရေ​ကန်​ကြီး​ကို​အ​စိတ် စိတ်​အ​မြွှာ​မြွှာ​ချိုး​ဖဲ့​ပြီး​လျှင် ကြေး​ဝါ​မှန် သ​မျှ​ကို​ဗာ​ဗု​လုန်​ပြည်​သို့​ယူ​ဆောင်​သွား ကြ​၏။-

18 သူ​တို့​သည်​ယဇ်​ပလ္လင်​သန့်​ရှင်း​ရေး​အ​တွက် အ​သုံး​ပြု​သည့်​တူ​ရွင်း​ပြား​များ၊ ယဇ်​ပလ္လင် ကို​သန့်​ရှင်း​မှု​ပြု​ရာ​၌​အ​သုံး​ပြု​သည့် ပြာ​ခွက်​များ၊ မီး​ခွက်​များ​တိုက်​ချွတ်​ပြင် ဆင်​ရာ​တွင်​အ​သုံး​ပြု​သည့်​တန်​ဆာ​ပ​လာ များ၊ ယဇ်​ကောင်​သွေး​ခံ​ခွက်​ဖလား​များ၊ နံ့ သာ​ပေါင်း​ကို​မီး​ရှို့​ရာ​ခွက်​ဖ​လား​များ​နှင့် ဗိ​မာန်​တော်​အ​တွင်း ကိုး​ကွယ်​ဝတ်​ပြု​ရာ တွင်​အ​သုံး​ပြု​သည့်​အ​ခြား​ကြေး​ဝါ ပစ္စည်း​အ​သုံး​အ​ဆောင်​များ​ကို​လည်း ယူ​ဆောင်​သွား​ကြ​၏။-

19 မီး​ကျီး​ခဲ​များ​သယ်​ယူ​ရာ​တွင်​အ​သုံး​ပြု သည့်​ခွက်​ငယ်​များ​နှင့်​အိုး​ကင်း​များ၊ ယဇ် ကောင်​သွေး​ခံ​ခွက်​ဖ​လား​များ၊ ပြာ​ခွက်​များ၊ မီး​တင်​ခုံ​များ၊ နံ့​သာ​ပေါင်း​ကို​မီး​ရှို့​ရာ ခွက်​ဖ​လား​များ၊ စ​ပျစ်​ရည်​ပူ​ဇော်​သကာ သွန်း​လောင်း​ရာ​တွင်​အ​သုံး​ပြု​သည့်​ခွက် ဖ​လား​အ​စ​ရှိ​သည့်​ရွှေ​သို့​မ​ဟုတ်​ငွေ​ဖြင့် ပြီး​သည့်​ပစ္စည်း​မှန်​သ​မျှ​ကို​လည်း ယူ​ဆောင် သွား​လေ​သည်။-

20 ဗိ​မာန်​တော်​အ​တွက်​ရှော​လ​မုန်​မင်း​ပြု လုပ်​ခဲ့​သော​ကြေး​ဝါ​ပစ္စည်း​များ​ဖြစ်​သည့် တိုင်​ကြီး​နှစ်​လုံး၊ အောက်​ခံ​ခုံ​များ၊ ရေ​ကန် ကြီး​နှင့်​အောက်​ခံ​နွား​ရုပ်​တစ်​ဆယ့်​နှစ်​ခု တို့​သည်​ချိန်​တွယ်​၍​မ​ရ​အောင်​ပင်​လေး​လံ ပေ​သည်။-

21-22 တိုင်​ကြီး​နှစ်​လုံး​သည်​ဆင်​တူ​ဖြစ်​၍​အ​မြင့် နှစ်​ဆယ့်​ခု​နစ်​ပေ၊ လုံး​ပတ်​တစ်​ဆယ့်​ရှစ်​ပေ ရှိ​၏။ ထို​တိုင်​တို့​သည်​ခေါင်း​ပွ​ဖြစ်​၍​ဒု​သုံး လက်​မ​ရှိ​လေ​သည်။ ကြေး​ဝါ​တိုင်​ထိပ်​ပိုင်း များ​သည်​အ​မြင့်​ပေ​ခု​နစ်​ပေ​ခွဲ​စီ​ရှိ​၍ ယင်း တို့​၏​ပတ်​လည်​တွင်​သ​လဲ​သီး​များ​နှင့်​တန် ဆာ​ဆင်​ထား​သော​ကွန်​ရွက်​များ​ရှိ​၏။ ယင်း တို့​အား​လုံး​ကို​ကြေး​ဝါ​များ​နှင့်​ပြု​လုပ် ထား​၏။-