ယေ​ရ​မိ 52:26-32 BCL

26 နေ​ဗု​ဇ​ရ​ဒန်​သည်​ထို​သူ​တို့​ကို​ဗာ​ဗု​လုန် ဘုရင်​ရှိ​ရာ​ရိ​ဗ​လ​မြို့​သို့​ခေါ်​ဆောင်​သွား​ရာ၊-

27 မင်း​ကြီး​သည်​ဟာ​မတ်​နယ်​မြေ​ရိ​ဗ​လ​မြို့ ၌ သူ​တို့​အား​ရိုက်​နှက်​၍​ကွပ်​မျက်​စေ​တော် မူ​၏။ဤ​သို့​လျှင်​ယု​ဒ​ပြည်​သား​တို့​သည်​သုံ့​ပန်း များ​အ​ဖြစ်​နှင့် မိ​မိ​တို့​ပြည်​မှ​သိမ်း​သွား ခြင်း​ကို​ခံ​ရ​ကြ​လေ​သည်။-

28 နေ​ဗု​ခဒ်​နေ​ဇာ​ဖမ်း​သွား​သည့်​သုံ့​ပန်း​စာ​ရင်း မှာ သူ​၏​နန်း​စံ​သတ္တ​မ​နှစ်​၌​သုံး​ထောင်​နှစ် ဆယ့်​သုံး​ယောက်၊-

29 နန်း​စံ​ရှစ်​နှစ်​မြောက်​၌​ယေ​ရု​ရှ​လင်​မြို့​မှ ရှစ်​ရာ​သုံး​ဆယ့်​နှစ်​ယောက်၊-

30 နန်း​စံ​နှစ်​ဆယ့်​သုံး​နှစ်​မြောက်​၌​နေ​ဗု​ဇာ​ရ​ဒန် ခေါ်​ဆောင်​သွား​သူ​ခု​နစ်​ရာ​လေး​ဆယ့်​ငါး​ယောက်၊ စု​စု​ပေါင်း​လေး​ထောင့်​ခြောက်​ရာ​ဖြစ်​သ​တည်း။

31 ဗာ​ဗု​လုန်​ဘု​ရင်​ဧဝိ​လ​မ​ရော​ဒက်​သည် မိ​မိ နန်း​တက်​တော်​မူ​သော​နှစ်​၌​ယု​ဒ​ဘု​ရင် ယေ​ခေါ​နိ​အား အ​ကျဉ်း​ထောင်​မှ​လွတ်​၍ က​ရု​ဏာ​ပြ​တော်​မူ​၏။ ဤ​သို့​ဖြစ်​ပျက်​သည် မှာ​ယေ​ခေါ​နိ​အ​ကျဉ်း​ကျ​ပြီး​နောက် သုံး ဆယ့်​ခု​နစ်​နှစ်​မြောက်​ဒွါ​ဒ​သ​မ​လ၊ နှစ် ဆယ့်​ငါး​ရက်​နေ့​ဖြစ်​သ​တည်း။-

32 ဧ​ဝိ​လ​မ​ရော​ဒက်​သည်​ယေ​ခေါ​နိ​အား ကြင်​နာ​စွာ​ဆက်​ဆံ​၍ ဗာ​ဗု​လုန်​ပြည်​တွင် သူ​နှင့်​အ​တူ​ပြည်​နှင်​ဒဏ်​သင့်​သူ​အ​ခြား ဘု​ရင်​များ​ထက်​ပို​မို​ချီး​မြှင့်​မြှောက်​စား တော်​မူ​၏။-