28 နေဗုခဒ်နေဇာဖမ်းသွားသည့်သုံ့ပန်းစာရင်း မှာ သူ၏နန်းစံသတ္တမနှစ်၌သုံးထောင်နှစ် ဆယ့်သုံးယောက်၊-
29 နန်းစံရှစ်နှစ်မြောက်၌ယေရုရှလင်မြို့မှ ရှစ်ရာသုံးဆယ့်နှစ်ယောက်၊-
30 နန်းစံနှစ်ဆယ့်သုံးနှစ်မြောက်၌နေဗုဇာရဒန် ခေါ်ဆောင်သွားသူခုနစ်ရာလေးဆယ့်ငါးယောက်၊ စုစုပေါင်းလေးထောင့်ခြောက်ရာဖြစ်သတည်း။
31 ဗာဗုလုန်ဘုရင်ဧဝိလမရောဒက်သည် မိမိ နန်းတက်တော်မူသောနှစ်၌ယုဒဘုရင် ယေခေါနိအား အကျဉ်းထောင်မှလွတ်၍ ကရုဏာပြတော်မူ၏။ ဤသို့ဖြစ်ပျက်သည် မှာယေခေါနိအကျဉ်းကျပြီးနောက် သုံး ဆယ့်ခုနစ်နှစ်မြောက်ဒွါဒသမလ၊ နှစ် ဆယ့်ငါးရက်နေ့ဖြစ်သတည်း။-
32 ဧဝိလမရောဒက်သည်ယေခေါနိအား ကြင်နာစွာဆက်ဆံ၍ ဗာဗုလုန်ပြည်တွင် သူနှင့်အတူပြည်နှင်ဒဏ်သင့်သူအခြား ဘုရင်များထက်ပိုမိုချီးမြှင့်မြှောက်စား တော်မူ၏။-
33 သို့ဖြစ်၍ယေခေါနိသည်ထောင်အဝတ်များ ကိုလဲခွင့်ရလျက် အသက်ရှင်သမျှကာလ ပတ်လုံးမင်းကြီးနှင့်အတူပွဲတော်တည် ခွင့်ကိုရရှိ၏။-
34 ထို့ပြင်မိမိလိုအပ်သလိုသုံးစွဲနိုင်ရန်သူ အသက်ရှင်သမျှကာလပတ်လုံး နေ့စဉ်မှန် မှန်အသုံးစရိတ်ကိုလည်းရရှိလေသည်။ ပရောဖက်ယေရမိစီရင်ရေးထားသော အနာဂတ္တိကျမ်းပြီး၏။