5 ထိုမြို့သည်ဇေဒကိနန်းစံဆယ့်တစ်နှစ် မြောက်တိုင်အောင်အဝိုင်းခံရလေသည်။-
6 ထိုနှစ်စတုတ္ထလ၊ ကိုးရက်နေ့၌အစာငတ် မွတ်ခေါင်းပါးမှုသည်အလွန်ဆိုးရွား၍ လာသဖြင့် လူတို့တွင်အစာရေစာ အလျှင်းမရှိကြတော့ပေ။-
7 ထိုအခါမြို့ရိုးများသည်ကျိုးပေါက်၍သွား တော့၏။ မြို့ကိုဗာဗုလုန်အမျိုးသားတို့ဝိုင်းရံ လျက်ထားသော်လည်း စစ်သည်တပ်သားအပေါင်း သည်ညဥ့်အခါတွင်ထွက်ပြေးရန်ကြိုးစားကြ ၏။ သူတို့သည်ဘုရင့်ဥယျာဉ်တော်အတိုင်း သွားပြီးလျှင် မြို့ရိုးနှစ်ထပ်အကြားရှိတံခါး ပေါက်မှထွက်၍ယော်ဒန်ချိုင့်ဝှမ်းဘက်သို့ပြေး ကြ၏။-
8 သို့ရာတွင်ဗာဗုလုန်တပ်မတော်သားတို့ သည်ဇေဒကိမင်းကိုလိုက်လံဖမ်းဆီးကြ ရာ ယေရိခေါမြို့အနီးရှိလွင်ပြင်တွင်မိ လေသည်။ ဇေဒကိ၏စစ်သူရဲအပေါင်းတို့ သည်သူ့အားစွန့်ပစ်၍ထွက်ပြေးကြ၏။-
9 ရန်သူတို့သည်ဇေဒကိကိုဖမ်းဆီးပြီးလျှင် နေဗုခဒ်နေဇာမင်းရှိရာဟာမတ်နယ်မြေ၊ ရိဗလမြို့သို့ခေါ်ဆောင်သွားကြ၏။ ထို အရပ်၌ပင်နေဗုခဒ်နေဇာသည်ဇေဒကိ အပေါ်တွင်စီရင်ချက်ချမှတ်တော်မူ၏။-
10 ရိဗလမြို့တွင်ဗာဗုလုန်ဘုရင်သည်ဇေ ဒကိ၏သားတို့ကိုဖခင်၏မျက်မှောက်၌ ပင်လျှင်ကွပ်မျက်စေလေသည်။ ယုဒမှူးမတ် တို့ကိုလည်းကွပ်မျက်စေသေး၏။-
11 ထိုနောက်ဇေဒကိ၏မျက်စိများကိုဖောက် စေ၍သူ့အားဗာဗုလုန်မြို့သို့ခေါ်ဆောင် သွားရန်သံကြိုးများနှင့်ချည်နှောင်စေ၏။ ဇေဒကိသည်သေသည်တိုင်အောင်ဗာဗုလုန် မြို့တွင်ထောင်ထဲ၌နေရလေ၏။