ယေ​ရ​မိ 6:13-19 BCL

13 ကြီး​ငယ်​မ​ဟူ​လူ​အ​ပေါင်း​တို့​သည်​မ​တ​ရား စီး​ပွား​ရှာ​ကြ​၏။ ပ​ရော​ဖက်​များ​နှင့်​ယဇ်​ပု ရော​ဟိတ်​များ​ပင်​လျှင်​လူ​တို့​ကို​လှည့်​ဖြား ကြ​၏။-

14 ထို​သူ​တို့​သည်​ငါ့​လူ​မျိုး​တော်​၏​အ​နာ​များ ကို​ပေါ့​ပေါ့​တန်​တန်​သ​ဘော​ထား​၍​ကု​သ ကြ​၏။ `အ​စ​စ​အ​ရာ​ရာ​အ​ဆင်​မ​ပြေ​ချိန် ၌​အ​စ​စ​အ​ရာ​ရာ​အ​ဆင်​ပြေ​ပါ​သည်' ဟု​ဆို​ကြ​၏။-

15 သူ​တို့​သည်​စက်​ဆုတ်​သည့်​အ​မှု​တို့​ကို​ပြု​ကျင့် သည့်​အ​တွက်​ရှက်​ကြ​ပါ​သ​လော။ အ​လျှင်း မ​ရှက်​ကြ။ ရှက်​သွေး​ရောင်​ပင်​မ​သန်း​ကြ။ သို့ ဖြစ်​၍​သူ​တို့​သည်​အ​ခြား​သူ​များ​နည်း​တူ ပြို​လဲ​ရ​ကြ​လိမ့်​မည်။ ငါ​အ​ပြစ်​ဒဏ်​ခတ်​သော အ​ခါ​သူ​တို့​သည်​ဆုံး​ခန်း​သို့​ရောက်​ကြ​လိမ့် မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ သည့်​စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။

16 ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​မျိုး​တော် အား``လမ်း​ဆုံ​လမ်း​ခွ​တို့​တွင်​ရပ်​၍​ကြည့် ကြ​လော့။ ရှေး​လမ်း​ဟောင်း​တို့​ကို​စုံ​စမ်း ရှာ​ဖွေ​ကြ​လော့။ အ​ကောင်း​ဆုံး​သော​လမ်း အ​ဘယ်​မှာ​နည်း​ဟု​မေး​မြန်း​၍ ထို​လမ်း​သို့ လိုက်​လျှင်​သင်​တို့​၏​ဝိ​ညာဉ်​သည်​ငြိမ်း​ချမ်း သာ​ယာ​မှု​ရှိ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။သို့​ရာ​တွင်​သူ​တို့​က``ထို​လမ်း​ကို အ​ကျွန်ုပ် တို့​မ​လိုက်​လို​ပါ'' ဟု​ပြန်​ပြော​ကြ​၏။

17 တံ​ပိုး​ခ​ရာ​မှုတ်​၍​သ​တိ​ပေး​သံ​ကို​နား ထောင်​ရန် ထာ​ဝ​ရ​ဘု​ရား​သည် ကင်း​စောင့်​များ ကို​ခန့်​ထား​တော်​မူ​၏။ သို့​ရာ​တွင်​ထို​သူ​တို့ က``အ​ကျွန်ုပ်​တို့​နား​မ​ထောင်​လို​ပါ'' ဟု ဆို​ကြ​၏။

18 ထို့​ကြောင့်​ထာ​ဝ​ရ​ဘု​ရား​က``အ​ချင်း​လူ​မျိုး တ​ကာ​တို့၊ နား​ထောင်​ကြ​လော့။ အ​ချင်း​သက်​သေ အ​ပေါင်း​တို့၊ ငါ​၏​လူ​မျိုး​တော်​ကြုံ​တွေ့​ရ​မည့် ကံ​ကြမ္မာ​ကို​လေ့​လာ​ကြ​လော့။-

19 ကမ္ဘာ​မြေ​ကြီး​သား​တို့၊ နား​ထောင်​ကြ​လော့။ ဤ လူ​တို့​သည်​ငါ့​စ​ကား​ကို​မ​နာ​ယူ၊ ငါ​၏​သြ ဝါ​ဒ​ကို​လည်း​ပစ်​ပယ်​ကြ​၏။ သို့​ဖြစ်​၍​ငါ သည်​သူ​တို့​ခံ​ယူ​ထိုက်​သည့်​ဘေး​အန္တ​ရာယ် ဆိုး​ကို​သူ​တို့​အ​ပေါ်​သို့​သက်​ရောက်​စေ​မည်။-