ယေ​ရ​မိ 6:21-27 BCL

21 သို့​ဖြစ်​၍​ငါ​သည်​ဤ​လူ​တို့​ရှေ့​တွင်​ခ​လုတ် များ​ချ​ထား​သဖြင့် ခြေ​ချော်​၍​လဲ​စေ​မည်။ ဖ​ခင်​များ​နှင့်​သား​များ​သည်​လည်း​ကောင်း မိတ်​ဆွေ​များ​နှင့်​အိမ်​နီး​ချင်း​များ​သည် လည်း​ကောင်း​သေ​ရ​ကြ​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။

22 ထာ​ဝ​ရ​ဘု​ရား​က``မြောက်​အ​ရပ်​ရှိ​နိုင်​ငံ​တစ် ခု​မှ လူ​တို့​သည် ချီ​တက်​လာ​ကြ​လိမ့်​မည်။ ရပ် ဝေး​မှ​အင်​အား​ကြီး​မား​သည့်​လူ​မျိုး​သည် စစ်​တိုက်​ရန်​ပြင်​ဆင်​လျက်​နေ​၏။-

23 သူ​တို့​သည်​လေး​များ၊ လှံ​များ​ကို​စွဲ​ကိုင်​ကြ လေ​ပြီ။ သူ​တို့​သည်​ရက်​စက်​ကြမ်း​ကြုတ်​၍ သ​နား​က​ရု​ဏာ​ကင်း​မဲ့​သူ​များ​ဖြစ်​ကြ​၏။ မြင်း​များ​ကို​စီး​၍​လာ​ချိန်​၌​သူ​တို့​၏​အ​သံ သည်​ပင်​လယ်​မြည်​ဟည်း​သံ​နှင့်​တူ​၏။ သူ​တို့ သည်​ဇိ​အုန်​မြို့​ကို​တိုက်​ခိုက်​ရန်​အ​သင့်​ရှိ လေ​ပြီ။''

24 ယေ​ရု​ရှ​လင်​မြို့​သား​တို့​က``ဤ​သ​တင်း​ကို ငါ​တို့​ကြား​သော​အ​ခါ ငါ​တို့​၏​လက်​များ သည်​ပျော့​ခွေ​၍​သွား​ပါ​၏။ ငါ​တို့​သည်​သား ဖွား​သော​အ​မျိုး​သ​မီး​ကဲ့​သို့​ပြင်း​စွာ ဝေ​ဒ​နာ​ခံ​ရ​ကြ​ပါ​၏။-

25 ရန်​သူ​တို့​သည်​လက်​နက်​များ​ကို​စွဲ​ကိုင်​လျက် ငါ​တို့​အား​ဘေး​အန္တ​ရာယ်​ဝိုင်း​၍​နေ​သ​ဖြင့် ငါ တို့​သည်​ကျေး​လက်​များ​သို့​မ​ထွက်​ဝံ့။ လမ်း များ​ပေါ်​တွင်​လည်း​မ​လျှောက်​ဝံ့'' ဟု​ဆို​ကြ​၏။

26 ထာ​ဝ​ရ​ဘု​ရား​က မိ​မိ​လူ​မျိုး​တော်​အား``သင် တို့​သည်​လျှော်​တေ​ကို​ဝတ်​၍​ပြာ​ထဲ​၌​လူး​လှိမ့် ကြ​လော့။ တစ်​ဦး​တည်း​သော​သား​အ​တွက် ငို​ကြွေး မြည်​တမ်း​သ​ကဲ့​သို့​ဝမ်း​နည်း​ပက်​လက်​ငို​ကြွေး ကြ​လော့။ အ​ဘယ်​ကြောင့်​ဆို​သော်​သင်​တို့​အား သုတ်​သင်​ဖျက်​ဆီး​ရန်​လာ​သူ​သည် ရုတ်​တ​ရက် ဝင်​ရောက်​တိုက်​ခိုက်​မည်​ဖြစ်​သော​ကြောင့်​တည်း။-

27 အ​ချင်း​ယေ​ရ​မိ၊ ငါ့​လူ​မျိုး​တော်​ကို​သတ္တု အား​ဆန်း​စစ်​သ​ကဲ့​သို့​သူ​တို့​၏​အ​ကျင့် အ​ကြံ​များ​ကို​သိ​စေ​ရန်​ဆန်း​စစ်​၍​ကြည့် လော့။-