6 အနန္တတန်ခိုးရှင်ထာဝရဘုရားသည် ဤ ဘုရင်တို့အားယေရုရှလင်မြို့ကိုဝိုင်းရံ ထားနိုင်ရန်သစ်ပင်များကိုခုတ်လှဲ၍ မြေ ကတုတ်များကိုဖို့စေခြင်းငှာအမိန့်ပေး တော်မူလေပြီ။ ကိုယ်တော်က``ဤမြို့သည် ညှင်းပန်းနှိပ်စက်မှုနှင့်ပြည့်နှက်လျက်ရှိ သဖြင့်ငါသည်ဤမြို့ကိုဒဏ်ခတ်မည်။-
7 စမ်းရေတွင်းမှရေသည်အစဉ်စီးထွက်လျက် ရှိသကဲ့သို့ယေရုရှလင်မြို့မှမကောင်းမှု များသည်အစဉ်ယိုစီးလျက်နေ၏။ မြို့ထဲ ၌အကြမ်းဖက်မှု၊ လုယက်ဖျက်ဆီးမှုတို့ ကိုငါကြားရ၍ဖျားနာမှုနှင့်ဒဏ်ရာ ဒဏ်ချက်များကိုငါမြင်ရ၏။-
8 အို ယေရုရှလင်မြို့သားတို့၊ သင်တို့သည်ဤ အမှုအရာများမှသင်ခန်းစာယူကြလော့။ သို့မဟုတ်ပါမူငါသည်သင်တို့အားအစဉ် စွန့်ပစ်မည်။ သင်တို့မြို့ကိုလူသူကင်းမဲ့ရာ သွေ့ခြောက်သောဒေသအဖြစ်သို့ငါပြောင်း လဲစေမည်'' ဟုမိန့်တော်မူ၏။
9 အနန္တတန်ခိုးရှင်ထာဝရဘုရားက ငါ့ အား``စပျစ်ဥယျာဉ်မှစပျစ်သီးရှိသမျှ ကိုအကြွင်းအကျန်မရှိအောင်ဆွတ်ခူးသကဲ့ သို့၊ ဣသရေလပြည်မှလူအကြွင်းအကျန် မရှိစေရ။ သို့ဖြစ်၍သင်သည်အချိန်ရှိခိုက် ကယ်ဆယ်၍ရနိုင်သမျှဣသရေလအမျိုး သားတို့အားကယ်ဆယ်ရမည်ဟုမိန့်တော် မူ၏။
10 ငါကလည်း``အကယ်၍ကျွန်တော်မျိုးပြော ဆိုသတိပေးသော် အဘယ်သူသည်ကျွန်တော် မျိုး၏စကားကိုနားထောင်ပါမည်နည်း။ သူ တို့သည်နားများကိုပိတ်၍ကိုယ်တော်ရှင်၏ ဗျာဒိတ်တော်ကိုနာခံရန်ငြင်းဆိုလျက် ကိုယ် တော်ရှင်၏နှုတ်ကပတ်တော်ကိုပြက်ရယ်ပြု ကြပါ၏။-
11-12 အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်ကိုယ် တော်ရှင်၏အမျက်တော်နှင့်ပြည့်လျက်ရှိ သဖြင့် မျိုသိပ်၍ပင်မထားနိုင်တော့ပါ'' ဟုပြန်လည်လျှောက်ထား၏။ထိုအခါ ထာဝရဘုရားက``ငါ၏အမျက် တော်ကိုလမ်းများပေါ်ရှိကလေးသူငယ်တို့ အပေါ်သို့လည်းကောင်း၊ လူငယ်လူရွယ်အစု အဝေးများပေါ်သို့လည်းကောင်းသွန်းလောင်း လော့။ ဇနီးမောင်နှံများနှင့်အလွန်အိုမင်းသူ များသည်ချမ်းသာရာရကြလိမ့်မည်မဟုတ်။ သူတို့၏အိမ်များ၊ လယ်ယာများနှင့်အမျိုး သမီးများသည်သူတစ်ပါးလက်သို့ရောက်ရှိ ရကြလိမ့်မည်။ ငါသည်ဤပြည်မှလူတို့ကို လက်တော်ကိုဆန့်လျက်အပြစ်ဒဏ်ပေးတော် မူမည်။-
13 ကြီးငယ်မဟူလူအပေါင်းတို့သည်မတရား စီးပွားရှာကြ၏။ ပရောဖက်များနှင့်ယဇ်ပု ရောဟိတ်များပင်လျှင်လူတို့ကိုလှည့်ဖြား ကြ၏။-