ယေ​ရ​မိ 6:8-15 BCL

8 အို ယေ​ရု​ရှ​လင်​မြို့​သား​တို့၊ သင်​တို့​သည်​ဤ အ​မှု​အ​ရာ​များ​မှ​သင်​ခန်း​စာ​ယူ​ကြ​လော့။ သို့​မ​ဟုတ်​ပါ​မူ​ငါ​သည်​သင်​တို့​အား​အ​စဉ် စွန့်​ပစ်​မည်။ သင်​တို့​မြို့​ကို​လူ​သူ​ကင်း​မဲ့​ရာ သွေ့​ခြောက်​သော​ဒေ​သ​အ​ဖြစ်​သို့​ငါ​ပြောင်း လဲ​စေ​မည်'' ဟု​မိန့်​တော်​မူ​၏။

9 အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က ငါ့ အား``စ​ပျစ်​ဥ​ယျာဉ်​မှ​စ​ပျစ်​သီး​ရှိ​သ​မျှ ကို​အ​ကြွင်း​အ​ကျန်​မ​ရှိ​အောင်​ဆွတ်​ခူး​သ​ကဲ့ သို့၊ ဣ​သ​ရေ​လ​ပြည်​မှ​လူ​အ​ကြွင်း​အ​ကျန် မ​ရှိ​စေ​ရ။ သို့​ဖြစ်​၍​သင်​သည်​အ​ချိန်​ရှိ​ခိုက် ကယ်​ဆယ်​၍​ရ​နိုင်​သ​မျှ​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား​ကယ်​ဆယ်​ရ​မည်​ဟု​မိန့်​တော် မူ​၏။

10 ငါ​က​လည်း``အ​ကယ်​၍​ကျွန်​တော်​မျိုး​ပြော ဆို​သ​တိ​ပေး​သော် အ​ဘယ်​သူ​သည်​ကျွန်​တော် မျိုး​၏​စ​ကား​ကို​နား​ထောင်​ပါ​မည်​နည်း။ သူ တို့​သည်​နား​များ​ကို​ပိတ်​၍​ကိုယ်​တော်​ရှင်​၏ ဗျာ​ဒိတ်​တော်​ကို​နာ​ခံ​ရန်​ငြင်း​ဆို​လျက် ကိုယ် တော်​ရှင်​၏​နှုတ်​က​ပတ်​တော်​ကို​ပြက်​ရယ်​ပြု ကြ​ပါ​၏။-

11-12 အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​သည်​ကိုယ် တော်​ရှင်​၏​အ​မျက်​တော်​နှင့်​ပြည့်​လျက်​ရှိ သ​ဖြင့် မျို​သိပ်​၍​ပင်​မ​ထား​နိုင်​တော့​ပါ'' ဟု​ပြန်​လည်​လျှောက်​ထား​၏။ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​က``ငါ​၏​အ​မျက် တော်​ကို​လမ်း​များ​ပေါ်​ရှိ​က​လေး​သူ​ငယ်​တို့ အ​ပေါ်​သို့​လည်း​ကောင်း၊ လူ​ငယ်​လူ​ရွယ်​အ​စု အ​ဝေး​များ​ပေါ်​သို့​လည်း​ကောင်း​သွန်း​လောင်း လော့။ ဇ​နီး​မောင်​နှံ​များ​နှင့်​အ​လွန်​အို​မင်း​သူ များ​သည်​ချမ်း​သာ​ရာ​ရ​ကြ​လိမ့်​မည်​မ​ဟုတ်။ သူ​တို့​၏​အိမ်​များ၊ လယ်​ယာ​များ​နှင့်​အ​မျိုး သ​မီး​များ​သည်​သူ​တစ်​ပါး​လက်​သို့​ရောက်​ရှိ ရ​ကြ​လိမ့်​မည်။ ငါ​သည်​ဤ​ပြည်​မှ​လူ​တို့​ကို လက်​တော်​ကို​ဆန့်​လျက်​အ​ပြစ်​ဒဏ်​ပေး​တော် မူ​မည်။-

13 ကြီး​ငယ်​မ​ဟူ​လူ​အ​ပေါင်း​တို့​သည်​မ​တ​ရား စီး​ပွား​ရှာ​ကြ​၏။ ပ​ရော​ဖက်​များ​နှင့်​ယဇ်​ပု ရော​ဟိတ်​များ​ပင်​လျှင်​လူ​တို့​ကို​လှည့်​ဖြား ကြ​၏။-

14 ထို​သူ​တို့​သည်​ငါ့​လူ​မျိုး​တော်​၏​အ​နာ​များ ကို​ပေါ့​ပေါ့​တန်​တန်​သ​ဘော​ထား​၍​ကု​သ ကြ​၏။ `အ​စ​စ​အ​ရာ​ရာ​အ​ဆင်​မ​ပြေ​ချိန် ၌​အ​စ​စ​အ​ရာ​ရာ​အ​ဆင်​ပြေ​ပါ​သည်' ဟု​ဆို​ကြ​၏။-

15 သူ​တို့​သည်​စက်​ဆုတ်​သည့်​အ​မှု​တို့​ကို​ပြု​ကျင့် သည့်​အ​တွက်​ရှက်​ကြ​ပါ​သ​လော။ အ​လျှင်း မ​ရှက်​ကြ။ ရှက်​သွေး​ရောင်​ပင်​မ​သန်း​ကြ။ သို့ ဖြစ်​၍​သူ​တို့​သည်​အ​ခြား​သူ​များ​နည်း​တူ ပြို​လဲ​ရ​ကြ​လိမ့်​မည်။ ငါ​အ​ပြစ်​ဒဏ်​ခတ်​သော အ​ခါ​သူ​တို့​သည်​ဆုံး​ခန်း​သို့​ရောက်​ကြ​လိမ့် မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ သည့်​စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။