ယေ​ရ​မိ 7:1-5 BCL

1 ထာ​ဝ​ရ​ဘု​ရား​သည်​ယေ​ရ​မိ​အား​ဗိ​မာန် တော်​၏​ဝင်း​တံ​ခါး​သို့​စေ​လွှတ်​တော်​မူ​၍ ထို​ဝင်း​တံ​ခါး​အ​နီး​တွင်​ရပ်​လျက်​ဤ သို့​ကြေ​ညာ​စေ​၏။-

2 ထာ​ဝ​ရ​ဘု​ရား​အား​ဝတ်​ပြု​ကိုး​ကွယ်​ရန် ဤ​တံ​ခါး​မှ​ဝင်​ရောက်​လာ​ကြ​သည့်၊ အို ယု​ဒ ပြည်​သူ​တို့၊ ထာ​ဝ​ရ​ဘု​ရား​၏​စ​ကား​ကို နား​ထောင်​ကြ​လော့။-

3 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် တည်း​ဟူ​သော​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား က``ငါ​သည်​သင်​တို့​အား ဤ​အ​ရပ်​တွင်​ဆက်​လက် နေ​ထိုင်​ခွင့်​ပြု​နိုင်​ရန်​သင်​တို့​သည် မိ​မိ​တို့​နေ ထိုင်​မှု​နှင့်​အ​ပြု​အ​မူ​တို့​ကို​ပြု​ပြင်​ပြောင်း လဲ​စေ​ကြ​လော့။-

4 `ဤ​ဗိ​မာန်​သည် ထာ​ဝ​ရ​ဘု​ရား​၏​ဗိ​မာန်​တော် ဖြစ်​၏။ ထာ​ဝ​ရ​ဘု​ရား​၏​ဗိ​မာန်​တော်​ဖြစ်​၏။ ထာ​ဝ​ရ​ဘု​ရား​၏​ဗိ​မာန်​တော်​ဖြစ်​၏' ဟု ပြော​ဆို​သူ​တို့​၏​မု​သား​စ​ကား​ကို​မ​ယုံ ကြ​နှင့်။

5 ``သင်​တို့​နေ​ထိုင်​မှု​တို့​ကို​ပြု​ပြင်​ပြောင်း​လဲ စေ​ကြ​လော့။ ယ​ခု​ပြု​သော​အ​ကျင့်​တို့​ကို မ​ပြု​တော့​နှင့်။ သင်​တို့​အ​ချင်း​ချင်း​ဆက်​ဆံ ရာ​တွင်​တ​ရား​မျှ​တ​မှု​ရှိ​စေ​ကြ​လော့။-