ယေ​ရ​မိ 7:14-20 BCL

14 သို့​ဖြစ်​၍​သင်​တို့​ယုံ​ကြည်​အား​ထား​သည့် ဤ​ငါ​၏​ဗိ​မာန်၊ ငါ​၏​နာ​မ​ကို​ဆောင်​သော ဤ​အိမ်​တော်​ကို​ရှိ​လော​ရွာ​နည်း​တူ​ငါ​ပြု မည်။ သင်​တို့​ဘိုး​ဘေး​များ​နှင့်​သင်​တို့​အား ငါ​ပေး​ခဲ့​သည့်​ဤ​အ​ရပ်​ဌာ​န​ကို​ရှိ​လော ရွာ​နည်း​တူ​ငါ​ပြု​မည်။-

15 ငါ​သည်​သင်​တို့​၏​ဆွေ​မျိုး​ဖြစ်​သည့်​ဧ​ဖ​ရိမ် ပြည်​သား​တို့​အား ငါ့​ရှေ့​မှောက်​မှ​နှင်​ထုတ် သ​ကဲ့​သို့​သင်​တို့​အား​နှင်​ထုတ်​မည်'' ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ခဲ့​၏။

16 ``အ​ချင်း​ယေ​ရ​မိ၊ ဤ​လူ​တို့​အ​ဖို့​ဆု​တောင်း ပတ္ထ​နာ​မ​ပြု​နှင့်။ သူ​တို့​အ​တွက်​တောင်း​ပန်​မှု ကို​သော်​လည်း​ကောင်း၊ အ​သ​နား​ခံ​မှု​ကို သော်​လည်း​ကောင်း​မ​ပြု​နှင့်။ ငါ​သည်​သင် ၏​စ​ကား​ကို​နား​ထောင်​လိမ့်​မည်​မ​ဟုတ် သ​ဖြင့်​ငါ့​အား​မ​လျှောက်​မ​လဲ​နှင့်။-

17 ယု​ဒ​မြို့​များ၊ ယေ​ရု​ရှ​လင်​လမ်း​များ​၌ သူ​တို့​ပြု​ကျင့်​လျက်​ရှိ​သော​အ​မှု​တို့​ကို သင်​မ​မြင်​သ​လော။-

18 က​လေး​သူ​ငယ်​များ​သည်​ထင်း​ခွေ​၍​အ​မျိုး သား​ကြီး​များ​က​မီး​မွေး​ကာ​အ​မျိုး​သ​မီး ကြီး​များ​က ကောင်း​ကင်​မိ​ဖု​ရား​အ​မည်​တွင် သော​နတ်​သ​မီး​အား​ပူ​ဇော်​ရန်​မုန့်​ညက်​ကို နယ်​၍​မုန့်​ဖုတ်​ကြ​၏။ သူ​တို့​သည်​ငါ့​စိတ်​တော် မ​သာ​မ​ယာ​စေ​ရန်​အ​ခြား​ဘု​ရား​များ အ​တွက် စ​ပျစ်​ရည်​ပူ​ဇော်​သကာ​ကို​လည်း သွန်း​လောင်း​ဆက်​သ​ကြ​၏။-

19 သို့​ရာ​တွင်​အ​ကယ်​ပင်​စိတ်​မ​သာ​မ​ယာ​ဖြစ်​သူ မှာ​ငါ​ပေ​လော'' မ​ဟုတ်​ပေ။ ``သူ​တို့​သည်​သာ လျှင်​မိ​မိ​တို့​စိတ်​ကို​မ​သာ​မ​ယာ​စေ​လျက် အ​ရှက်​ကွဲ​ရ​ကြ​ပေ​သည်။-

20 သို့​ဖြစ်​၍​ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​၏​ပြင်း​ထန်​သော​အ​မျက်​တော်​ကို ဤ ဗိ​မာန်​ပေါ်​သို့​သွန်း​လောင်း​မည်။ လူ​များ​နှင့် တိ​ရစ္ဆာန်​များ​အ​ပေါ်​သို့​လည်း​ကောင်း၊ သစ်​ပင် များ​နှင့်​အ​သီး​အ​နှံ​များ​အ​ပေါ်​သို့​လည်း ကောင်း​ငါ​သွန်း​လောင်း​မည်။ ငါ​၏​အ​မျက် တော်​သည်​အ​ဘယ်​သူ​မျှ​မ​ငြိမ်း​မ​သတ် နိုင်​သည့်​မီး​နှင့်​တူ​၏။