ယေ​ရ​မိ 8:17-22 BCL

17 ထာ​ဝ​ရ​ဘု​ရား​က``သ​တိ​ဝိ​ရိ​ယ​နှင့်​နေ ကြ​လော့။ ငါ​သည်​သင်​တို့​အ​ထဲ​သို့​မြွေ​များ၊ အ​လမ္ပာယ်​ဆရာ​မ​နိုင်​သည့်​မြွေ​ဆိုး​များ​ကို စေ​လွှတ်​မည်။ ထို​မြွေ​တို့​သည်​သင်​တို့​ကို ကိုက်​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

18 ငါ​၏​ဝမ်း​နည်း​မှု​ကို​ကု​စား​၍​မ​ရ​နိုင်။ငါ​၏​စိတ်​နှ​လုံး​သည်​ပူ​ဆွေး​လျက်​ရှိ​၏။

19 နား​ထောင်​ကြ​လော့။ အ​လွန်​ဝေး​သောတစ်​တိုင်း​တစ်​ပြည်​တွင်​ငါ​၏​အ​မျိုး​သား များ ဟစ်​အော်​နေ​သံ​ကို​ငါ​ကြား​ရ​၏။``ထာ​ဝ​ရ​ဘု​ရား​သည်​ဇိ​အုန်​မြို့​တွင် ရှိ​တော်​မ​မူ​တော့​ပြီ​လော။ဇိ​အုန်​မြို့​၏​ဘု​ရင်​သည်​ထို​မြို့​တွင်​မ​ရှိ​တော့ ပြီ​လော''သူ​တို့​၏​ဘု​ရင်​ထာ​ဝ​ရ​ဘု​ရား​က``သင်​တို့​သည် အ​ဘယ်​ကြောင့်​ရုပ်​တု​များ​နှင့်၊ငါ​၏​အ​မျက်​တော်​ကို​လှုံ့​ဆော်​ပေး​ကြ​သနည်း'' ဟု​မိန့်​တော်​မူ​၏။

20 လူ​တို့​က​လည်း``နွေ​ရာ​သီ​ကုန်​ဆုံး​၍​အ​သီး အ​နှံ ရိတ်​သိမ်း​ချိန်​ကုန်​လွန်​ပြီ​ဖြစ်​သော်​လည်း၊ငါ​တို့​သည်​ကယ်​တင်​ခြင်း​မ​ခံ​ရ​ကြ​သေး​ပါ'' ဟု​ဟစ်​အော်​ကြ​၏။

21 ငါ​၏​အ​မျိုး​သား​တို့​သည်​အ​ချေ​မှုန်း​ခံ​ရ ကြ​သ​ဖြင့် ငါ​၏​စိတ်​နှ​လုံး​သည်​ကြေ​မွ​လျက်​ရှိ​၏။ငါ​သည်​ငို​ကြွေး​မြည်​တမ်း​လျက်၊အ​လွန့်​အ​လွန် တုန်​လှုပ်​ချောက်​ချား​လျက်​ရှိ​၏။

22 ဂိ​လဒ်​ပြည် ၌​ဆေး​ဝါး​မ​ရှိ​တော့​ပြီ​လော။ ဆေး​သ​မား​လည်း​မ​ရှိ​တော့​ပြီ​လော။အ​ဘယ်​ကြောင့်​ငါ့​အ​မျိုး​သား​များ​၏ အ​နာ​ရော​ဂါ​ကို ပျောက်​ကင်း​အောင်​မ​ကု​သ​ကြ​ပါ​သ​နည်း။