18 ငါ၏ဝမ်းနည်းမှုကိုကုစား၍မရနိုင်။ငါ၏စိတ်နှလုံးသည်ပူဆွေးလျက်ရှိ၏။
19 နားထောင်ကြလော့။ အလွန်ဝေးသောတစ်တိုင်းတစ်ပြည်တွင်ငါ၏အမျိုးသား များ ဟစ်အော်နေသံကိုငါကြားရ၏။``ထာဝရဘုရားသည်ဇိအုန်မြို့တွင် ရှိတော်မမူတော့ပြီလော။ဇိအုန်မြို့၏ဘုရင်သည်ထိုမြို့တွင်မရှိတော့ ပြီလော''သူတို့၏ဘုရင်ထာဝရဘုရားက``သင်တို့သည် အဘယ်ကြောင့်ရုပ်တုများနှင့်၊ငါ၏အမျက်တော်ကိုလှုံ့ဆော်ပေးကြသနည်း'' ဟုမိန့်တော်မူ၏။
20 လူတို့ကလည်း``နွေရာသီကုန်ဆုံး၍အသီး အနှံ ရိတ်သိမ်းချိန်ကုန်လွန်ပြီဖြစ်သော်လည်း၊ငါတို့သည်ကယ်တင်ခြင်းမခံရကြသေးပါ'' ဟုဟစ်အော်ကြ၏။
21 ငါ၏အမျိုးသားတို့သည်အချေမှုန်းခံရ ကြသဖြင့် ငါ၏စိတ်နှလုံးသည်ကြေမွလျက်ရှိ၏။ငါသည်ငိုကြွေးမြည်တမ်းလျက်၊အလွန့်အလွန် တုန်လှုပ်ချောက်ချားလျက်ရှိ၏။
22 ဂိလဒ်ပြည် ၌ဆေးဝါးမရှိတော့ပြီလော။ ဆေးသမားလည်းမရှိတော့ပြီလော။အဘယ်ကြောင့်ငါ့အမျိုးသားများ၏ အနာရောဂါကို ပျောက်ကင်းအောင်မကုသကြပါသနည်း။