ယေ​ရ​မိ 8:4-10 BCL

4 လူ​တို့​အား​ဆင့်​ဆို​ရန် ထာ​ဝ​ရ​ဘု​ရား​မိန့် တော်​မူ​သည်​မှာ``အ​ဘယ်​သူ​သည်​လဲ​ကျ​ပြီး နောက်​ပြန်​မ​ထ​ဘဲ​နေ​သ​နည်း။ အ​ဘယ်​သူ သည်​လမ်း​မှား​သွား​ပြီး​နောက်​ပြန်​မ​လှည့် ဘဲ​နေ​သ​နည်း။-

5 ယေ​ရု​ရှ​လင်​မြို့၊ သင်​တို့​သည်​အ​ဘယ်​ကြောင့် ငါ့​ထံ​မှ​ထွက်​ခွာ​သွား​၍ အ​ဘယ်​ကြောင့်​ပြန် လှည့်​မ​လာ​ကြ​သ​နည်း။ သင်​တို့​သည်​လှည့် ဖြား​မှု​များ​ကို​စွဲ​လန်း​လျက်​နေ​သ​ဖြင့် ငါ့ ထံ​သို့​ပြန်​လာ​ရန်​ငြင်း​ဆန်​ကြ​သည်။-

6 ငါ​သည်​စေ့​စေ့​နား​ထောင်​သော်​လည်း​သင်​တို့ သည်​သစ္စာ​စ​ကား​ကို​မ​ပြော​ကြ။ သင်​တို့​တွင် အ​ဘယ်​သူ​မျှ​မိ​မိ​တို့​ယုတ်​မာ​မှု​များ​အ​တွက် ဝမ်း​မ​နည်း​ကြ။ `ငါ​သည်​အ​ဘယ်​မ​ကောင်း​မှု ကို​ပြု​မိ​ပါ​သ​နည်း' ဟု​အ​ဘယ်​သူ​မျှ​မ​မေး ကြ။ တိုက်​ပွဲ​သို့​အ​ပြင်း​ပြေး​သည့်​မြင်း​ကဲ့ သို့​လူ​တိုင်း​မိ​မိ​တို့​ပြု​လို​ရာ​ကို ပြု​လျက် နေ​ကြ​၏။-

7 မိုး​ကောင်း​ကင်​၌​ပျံ​ဝဲ​လျက်​ရှိ​သော​ငှက် ကျား​ပင်​လျှင် မိ​မိ​ပြန်​ရ​မည့်​အ​ချိန်​သိ​၏။ ချိုး၊ ပျံ​လွှား​နှင့်​ကြိုး​ကြာ​တို့​သည်​လည်း မိ​မိ တို့​ကျက်​စား​ရာ​အ​ရပ်၊ ပြောင်း​ရွှေ့​ချိန်​ကို​သိ ကြ​၏။ သို့​ရာ​တွင်​ငါ​၏​လူ​မျိုး​တော်၊ သင် တို့​သည်​မိ​မိ​တို့​အ​တွက်​ထာ​ဝ​ရ​ဘု​ရား ပြ​ဋ္ဌာန်း​ထား​သည့်​တ​ရား​တော်​ကို​မ​သိ ကြ။-

8 ငါ​၏​တ​ရား​တော်​ကို​သိ​ရှိ​၍​သင်​တို့​သည် ပ​ညာ​ရှိ​ကြ​၏​ဟု​အ​ဘယ်​သို့​လျှင်​သင် တို့​ဆို​နိုင်​ကြ​မည်​နည်း။ ကြည့်​ရှု​ကြ​လော့၊ မ​ရိုး​မ​ဖြောင့်​သည့်​ကျမ်း​ကူး​ဆ​ရာ​တို့​က တ​ရား​တော်​ကို​ပြောင်း​လဲ​စေ​ကြ​လေ​ပြီ။-

9 သင်​တို့​၏​ပ​ညာ​ရှိ​များ​သည်​အ​ရှက်​ကွဲ ကြ​၏။ သူ​တို့​သည်​စိတ်​ရှုပ်​ထွေး​လျက်​ထောင် ချောက်​တွင်​မိ​ကြ​လေ​ပြီ။ သူ​တို့​သည်​ငါ​၏ နှုတ်​က​ပတ်​တော်​ကို​ပစ်​ပယ်​လိုက်​ကြ​ပြီ ဖြစ်​၍​ယ​ခု​အ​ခါ​၌​သူ​တို့​တွင်​အ​ဘယ် သို့​သော​ပ​ညာ​ဉာဏ်​ရှိ​တော့​မည်​နည်း။-

10 သို့​ဖြစ်​၍​သူ​တို့​လယ်​ယာ​များ​ကို​ပိုင်​ရှင် သစ်​များ​သို့​လည်း​ကောင်း၊ သူ​တို့​ဇ​နီး​များ ကို​အ​ခြား​သူ​တို့​ထံ​သို့​လည်း​ကောင်း​ငါ ပေး​အပ်​မည်။ ကြီး​ငယ်​မ​ဟူ​လူ​အ​ပေါင်း တို့​သည်​မ​တ​ရား​စီး​ပွား​ရှာ​ကြ​၏။ ပ​ရော ဖက်​များ​နှင့်​ယဇ်​ပု​ရော​ဟိတ်​များ​ပင်​လျှင် လူ​တို့​ကို​လိမ်​လည်​ကြ​၏။-