12 ငါက``အို ထာဝရဘုရား၊ အဘယ်ကြောင့် ဤပြည်သည်ဖြတ်သန်းသွားလာ၍မရ၊ ယို ယွင်းပျက်စီးလျက်သဲကန္တာရသဖွယ်ဖြစ် ၍နေပါသနည်း။ ဤအမှုအရာအကြောင်း ကိုသိရှိနိုင်စွမ်းရှိသည့်ပညာရှိကားအဘယ် သူဖြစ်ပါသနည်း။ သူတစ်ပါးတို့အားထပ် ဆင့်ပြောပြနိုင်ရန်အဘယ်သူအား ဤအမှု အရာအကြောင်းကိုကိုယ်တော်ရှင်ဖော်ပြ ထားပါသနည်း'' ဟုလျှောက်၏။
13 ထာဝရဘုရားက``ဤအမှုအရာဖြစ်ပျက် လာသည်မှာ ငါ၏လူမျိုးတော်သည်မိမိတို့ အားငါပေးအပ်ခဲ့သည့်သြဝါဒကိုစွန့်ပယ် ခဲ့ကြသောကြောင့်ဖြစ်၏။ သူတို့သည်ငါ၏ စကားကိုနားမထောင်။ ငါပြောဆိုသည့် အတိုင်းလည်းမပြုမလုပ်ကြ။-
14 သူတို့သည်ခေါင်းမာလျက်မိမိဘိုးဘေး များသွန်သင်ထားခဲ့သည့်အတိုင်း ဗာလ ဘုရားကိုဝတ်ပြုရှိခိုးကြ၏။-
15 သို့ဖြစ်၍သူတို့အားဣသရေလအမျိုး သားတို့၏ဘုရားသခင်အနန္တတန်ခိုးရှင် ငါထာဝရဘုရားသည် အဘယ်သို့ပြုတော် မူမည်ကိုနားထောင်လော့။ ငါသည်မိမိ၏ လူမျိုးတော်အားခါးသောဒေါနပင်ကို ကျွေး၍ အဆိပ်ပါသောရေကိုသောက်စေမည်။-
16 ငါသည်သူတို့နှင့်သူတို့ဘိုးဘေးများပင် မကြားဘူးသည့်လူမျိုးများအထဲတွင် သူ တို့အားပျံ့လွင့်သွားစေမည်။ ထိုနောက်သူတို့ အားလုံးဝပျက်စီးသည့်တိုင်အောင် တိုက်ခိုက် ရန်စစ်တပ်များကိုငါစေလွှတ်မည်'' ဟုမိန့် တော်မူ၏။
17 အနန္တတန်ခိုးရှင်ထာဝရဘုရားက ``စဉ်းစားဆင်ခြင်ကြလော့။ငိုချင်းသည်များ၊မသာသီချင်းကိုကျွမ်း ကျင်စွာ သီဆိုတတ်သူအမျိုးသမီးများအားခေါ်ယူကြလော့'' ဟုမိန့်တော်မူ၏။
18 လူတို့ကလည်း``ငါတို့မျက်စိများသည် မျက်ရည်နှင့်ပြည့်လျက်ငါတို့မျက်ခွံများသည်ငိုရလွန်းသဖြင့်မျက် ရည်နှင့် စိုစွတ်လျက်နေသည်တိုင်အောင်မသာသီချင်းကိုသီဆိုပေးနိုင်ရန်ငိုချင်းသည် တို့အား အမြန်ခေါ်ယူကြလော့'' ဟုဆိုကြ၏။