14 သူတို့သည်ခေါင်းမာလျက်မိမိဘိုးဘေး များသွန်သင်ထားခဲ့သည့်အတိုင်း ဗာလ ဘုရားကိုဝတ်ပြုရှိခိုးကြ၏။-
15 သို့ဖြစ်၍သူတို့အားဣသရေလအမျိုး သားတို့၏ဘုရားသခင်အနန္တတန်ခိုးရှင် ငါထာဝရဘုရားသည် အဘယ်သို့ပြုတော် မူမည်ကိုနားထောင်လော့။ ငါသည်မိမိ၏ လူမျိုးတော်အားခါးသောဒေါနပင်ကို ကျွေး၍ အဆိပ်ပါသောရေကိုသောက်စေမည်။-
16 ငါသည်သူတို့နှင့်သူတို့ဘိုးဘေးများပင် မကြားဘူးသည့်လူမျိုးများအထဲတွင် သူ တို့အားပျံ့လွင့်သွားစေမည်။ ထိုနောက်သူတို့ အားလုံးဝပျက်စီးသည့်တိုင်အောင် တိုက်ခိုက် ရန်စစ်တပ်များကိုငါစေလွှတ်မည်'' ဟုမိန့် တော်မူ၏။
17 အနန္တတန်ခိုးရှင်ထာဝရဘုရားက ``စဉ်းစားဆင်ခြင်ကြလော့။ငိုချင်းသည်များ၊မသာသီချင်းကိုကျွမ်း ကျင်စွာ သီဆိုတတ်သူအမျိုးသမီးများအားခေါ်ယူကြလော့'' ဟုမိန့်တော်မူ၏။
18 လူတို့ကလည်း``ငါတို့မျက်စိများသည် မျက်ရည်နှင့်ပြည့်လျက်ငါတို့မျက်ခွံများသည်ငိုရလွန်းသဖြင့်မျက် ရည်နှင့် စိုစွတ်လျက်နေသည်တိုင်အောင်မသာသီချင်းကိုသီဆိုပေးနိုင်ရန်ငိုချင်းသည် တို့အား အမြန်ခေါ်ယူကြလော့'' ဟုဆိုကြ၏။
19 ``ငါတို့သည်ဆုံးပါးပျက်စီးလျက်၊လုံးဝ အသရေပျက် ရကြလေပြီတကား။ငါတို့၏အိမ်ရာများသည်ပြိုပျက်သွားပြီဖြစ်၍ငါတို့သည်မိမိတို့ပြည်ကိုစွန့်ခွာရကြပေတော့မည်'' ဟူ၍ဇိအုန်မြို့သားတို့ငိုကြွေးမြည်တမ်းသံကိုနားထောင်ကြလော့ဟုဆိုကြ၏။
20 ငါက၊``အမျိုးသမီးတို့၊ထာဝရဘုရားမိန့်တော်မူ သည်ကို နားထောင်ကြလော့။ကိုယ်တော်ရှင်၏စကားတော်တို့ကို အာရုံစိုက်၍နာယူကြလော့။သင်တို့၏သမီးများအားငိုကြွေးတတ်ရန် လည်းကောင်း၊သင်တို့၏မိတ်ဆွေများအားမသာသီချင်းကိုသီဆိုတတ်ရန်လည်းကောင်းသင်ကြားပေး ကြလော့။