33-38 ဤရာထူးတွင်ခန့်ထားခြင်းခံရသူတို့ ၏ ဆွေစဉ်မျိုးဆက်စာရင်းမှာအောက်ပါ အတိုင်းဖြစ်သည်။ကောဟတ်သားချင်းစုမှယောလ၏သား ဟေမန်သည် ပထမသံစုံသီချင်းအဖွဲ့ ခေါင်းဆောင်ဖြစ်၏။ ဟေမန်၏အဖသည် ယောလ၊ ယောလ၏အဖမှာ ရှမွေလ၊ ရှမွေလ၏အဖကားဧလကာနဖြစ်၏။ ဧလကာန၏အဖသည် ယေရောဟံ၊ ယေ ရောဟံ၏အဖမှာဧလျာဘ၊ ဧလျာဘ ၏အဖကားတောအာဖြစ်၏။ တောအာ၏ အဖသည်ဇောဖဲ၊ ဇောဖဲ၏အဖမှာ ဧလ ကာန၊ ဧလကာန၏အဖကားမာဟတ် ဖြစ်၏။ မာဟတ်၏အဖသည် အမာသဲ၊ အမာသဲ၏အဖသည်ဧလကာန၊ ဧလ ကာန၏အဖမှာယောလ၊ ယောလ၏အဖ ကားအာဇရိဖြစ်၏။ အာဇရိ၏အဖသည် ဇေဖနိ၊ ဇေဖနိ၏အဖမှာတာဟတ်၊ တာ ဟတ်၏အဖသည်အဿိရ၊ အဿိရ၏အဖ ကားဧဗျာသပ်ဖြစ်၏။ ဧဗျာသပ်၏အဖ သည်ကောရ၊ ကောရ၏အဖမှာဣဇဟာ၊ ဣဇဟာ၏အဖကားကောဟတ်ဖြစ်၏။ ကောဟပ်၏အဖသည်လေဝိ၊ လေဝိ၏ အဖကားယာကုပ်ဖြစ်၏။ ဤသို့လျှင် ဟေမန်၏ဘိုးဘေးစာရင်းမှာယာကုပ် တွင်အဆုံးသတ်သတည်း။