39-43 ဒုတိယသံစုံသီချင်းအဖွဲ့ခေါင်းဆောင်မှာ အာသပ်ဖြစ်၏။ အာသပ်၏အဖသည်ဗေရခိ၊ ဗေရခိ၏အဖမှာရှိမာ၊ ရှိမာ၏အဖကား မိက္ခေလဖြစ်၏။ မိက္ခေလ၏အဖသည်ဗာသေ ယ၊ ဗာသေယ၏အဖမှာမာလခိ၊ မာလခိ ၏အဖကားဧသနိဖြစ်၏။ ဧသနိ၏ အဖသည်ဇေရ၊ ဇေရ၏အဖမှာအဒါယ၊ အဒါယ၏အဖကားဧသန်ဖြစ်၏။ ဧသန် ၏အဖသည်ဇိမ္မ၊ ဇိမ္မ၏အဖမှာရှိမိ၊ ရှိမိ ၏အဖသည်ယာဟတ်ဖြစ်၏။ ယာဟတ်၏ အဖသည်ဂေရရှုံ၊ ဂေရရှုံ၏အဖကား လေဝိဖြစ်၏။ ဤသို့လျှင်အာသပ်၏ဘိုး ဘေးစာရင်းသည်လေဝိတွင်အဆုံးသတ် သတည်း။