44-47 မေရာရိသားချင်းစုမှဧသန်သည်တတိယ သံစုံသီချင်းအဖွဲ့ခေါင်းဆောင်ဖြစ်၏။ ဧသန် ၏အဖသည်ကိရှိ၊ ကိရှိ၏အဖမှာအာဖဒိ၊ အာဖဒိ၏အဖကားမလ္လုတ်ဖြစ်၏။ မလ္လုတ် ၏အဖသည်ဟာရှဗိ၊ ဟာရှဗိ၏အဖမှာ အာမဇိ၊ အာမဇိ၏အဖကားဟိလခိ ဖြစ်၏။ ဟိလခိ၏အဖသည်အံဇိ၊ အံဇိ ၏အဖမှာဗာနိ၊ ဗာနိ၏အဖကားရှမေရ ဖြစ်၏။ ရှမေရ၏အဖသည်မဟာလိ၊ မဟာ လိ၏အဖမှာမုရှိ၊ မုရှိ၏အဖကားမေ ရာရိဖြစ်၍ မေရာရိ၏အဖသည်လေဝိ ဖြစ်၏။ ဤသို့လျှင်ဧသန်၏ဘိုးဘေးစာရင်း သည်လေဝိတွင်အဆုံးသတ်သတည်း။