၁ ရာ​ချုပ် 6:48-57-59 BCL

48 ထို​သူ​တို့​၏​ဆွေ​မျိုး​သား​ချင်း​များ​ဖြစ်​သော အ​ခြား​လေ​ဝိ​အ​နွယ်​ဝင်​တို့​သည် ကိုး​ကွယ် ဝတ်​ပြု​ရာ​ဌာ​န​တော်​တွင်​အ​ခြား​တာ​ဝန် ဝတ္တ​ရား​များ​ကို​ထမ်း​ဆောင်​ရ​ကြ​၏။

49 အာ​ရုန်​နှင့်​သူ​၏​သား​မြေး​တို့​သည်​နံ့​သာ ပေါင်း​ကို​မီး​ရှို့​ရာ​ပူ​ဇော်​သ​ကာ​နှင့် ပလ္လင်​ပေါ် တွင်​တင်​၍​မီး​ရှို့​ရာ​ယဇ်​ကို​ပူ​ဇော်​ဆက်​သ ရ​ကြ​၏။ သူ​တို့​သည်​အ​လွန်​သန့်​ရှင်း​ရာ ဌာ​န​တော်​၌​ကိုး​ကွယ်​ဝတ်​ပြု​မှု​မှန်​သ​မျှ ကို​လည်း​ကောင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား တို့​၏​အ​ပြစ်​ဖြေ​ရာ​ယဇ်​ပူ​ဇော်​မှု​များ ကို​လည်း​ကောင်း၊ တာ​ဝန်​ယူ​၍​ဆောင်​ရွက် ရ​ကြ​၏။ ယင်း​သို့​ဆောင်​ရွက်​ရာ​၌​သူ​တို့ သည်​ဘု​ရား​သ​ခင်​၏​အ​စေ​ခံ​ဖြစ်​သူ မော​ရှေ​ဆင့်​ဆို​ညွှန်​ကြား​ခဲ့​သည့်​အ​တိုင်း လိုက်​နာ​ကျင့်​သုံး​ရ​ကြ​ပေ​သည်။-

50 အာ​ရုန်​၏​သား​မြေး​များ​စာ​ရင်း​မှာ​အာ​ရုန်၊ ဧ​လာ​ဇာ၊ ဖိ​န​ဟတ်၊ အ​ဘိ​ရွှ၊-

51-53 ဗုက္ကိ၊ သြ​ဇိ၊ ဇေ​ရ​ဟိ၊- မ​ရာ​ယုတ်၊ အာ​မ​ရိ၊ အ​ဟိ​တုပ်၊ ဇာ​ဒုတ်၊ အ​ဟိ​မတ်​ဟူ​၍​ဖြစ်​၏။

54-55 ကော​ဟတ်​သား​ချင်း​စု​ဖြစ်​သော၊ အာ​ရုန် ၏​သား​မြေး​များ​ပ​ထ​မ​ဆုံး​ဝေ​စု​အ​ဖြစ်​ဖြင့် ခွဲ​ဝေ​ပေး​ခြင်း​ခံ​ရ​သည့်​နယ်​မြေ​များ​မှာ ယု​ဒ​နယ်​မှ​ဟေ​ဗြုန်​မြို့​နှင့်​ပတ်​ဝန်း​ကျင် ရှိ​မြက်​ခင်း​များ​ဖြစ်​၏။-

56 ထို​မြို့​တို့​နှင့်​သက်​ဆိုင်​ရာ​လယ်​များ၊ ရွာ​များ​ကို မူ​ယေ​ဖုန္န​၏​သား​ကာ​လက်​က​ရ​ရှိ​လေ​သည်။-

57-59 အာ​ရုန်​၏​သား​မြေး​တို့​အား​ခွဲ​ဝေ​ပေး​သည့်​မြို့ များ​မှာ အ​ပြစ်​လွတ်​ငြိမ်း​ခွင့်​ရ​ရန်​ခို​လှုံ​ရာ​ဖြစ် သော​ဟေ​ဗြုန်​မြို့၊ ယတ္တိ​ယ​မြို့၊ လိ​ဗ​န၊ ဧ​ရှ​တ​မော၊ ဟော​လုန်၊ ဒေ​ဗိ​ရ၊ အာ​ရှန်​ဗက်​ရှေ​မက်​မြို့​များ နှင့်​ထို​မြို့​တို့​နှင့်​သက်​ဆိုင်​ရာ​မြက်​ခင်း​များ ဖြစ်​ပေ​သည်။-