ဆာ​လံ 103:4-10 BJB

4 သင်၏အသက်ကို ဖျက်ဆီးခြင်းထဲက ရွေး၍ ကျေးဇူးတော်၊ ကရုဏာတော်များနှင့် သင်၏ခေါင်းကို ပတ်ရစ်တော်မူ၏။

5 သင့်ကို အသက်ကြီးစဉ်၊ ကောင်းသောအရာနှင့် ရောင့်ရဲစေတော်မူသဖြင့်၊ သင်၏အရွယ်သည် ရွှေလင်းတ ၏အရွယ်ကဲ့သို့ ပြုပြင်ခြင်းရှိ၏။

6 ထာဝရဘုရားသည် ညှဉ်းဆဲခြင်းကို ခံရသမျှ သော သူတို့အဘို့ တရားပေး၍ စီရင်ဆုံးဖြတ်တော်မူ၏။

7 ဘာသာဓလေ့တော်တို့ကို မောရှေ၌၎င်း၊ စီရင် တော်မူသော အမှုအရာတို့ကို ဣသရေလအမျိုးသားတို့၌ ၎င်း ပြတော်မူပြီ။

8 ထာဝရဘုရားသည် သနားတတ်သောသဘော၊ ကျေးဇူးပြုတတ်သောသဘော၊ စိတ်ရှည်၍၊ ကရုဏာ ကြွယ်ဝသော သဘောရှိတော်မူ၏။

9 အစဉ်မပြတ် အပြစ်တင်တော်မူသည်မဟုတ်။ အငြိုးကို အမြဲထားတော်မူသည်မဟုတ်။

10 ငါတို့ပြစ်မှားခြင်းနှင့် အလျောက်ငါတို့၌ ပြုတော် မမူတတ်။ ငါတို့၌ ဒုစရိုက်ရှိသည်အတိုင်း အပြစ်ကို ပေးတော်မမူတတ်၊