ဆာ​လံ 106:1-5 BJB

1 ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၍၊ ကရုဏာတော် အစဉ်အမြဲတည်သောကြောင့်၊ ဂုဏ် ကျေးဇူးတော်ကို ချီးမွမ်းကြလော့။

2 ထာဝရဘုရား၏ တန်ခိုးကြီးခြင်း အရာတော် တို့ကို အဘယ်သူပြောနိုင်သနည်း။ ဂုဏ်ကျေးဇူးတော်ကို အဘယ်သူသည် အကုန်အစင် ဘော်ပြနိုင်သနည်း။

3 ခပ်သိမ်းသော အခါတို့၌ တရားကို စောင့် ရှောက်၍၊ ဖြောင့်မတ်စွာ ကျင့်သောသူတို့သည် မင်္ဂလာ ရှိကြ၏။

4 အို ထာဝရဘုရား၊ အကျွန်ုပ်သည် ရွေးကောက် တော်မူသော သူတို့၏ကောင်းကျိုးကို မြင်စေခြင်းငှါ၎င်း၊

5 ကိုယ်တော်၏ လူမျိုးဝမ်းမြောက်ခြင်း၌ ဝမ်းမြောက်၍၊ ကိုယ်တော်၏ အမွေဖြစ်သောသူတို့နှင့်အတူ ဝါကြွား ရွှင်လန်းစေခြင်းငှါ၎င်း၊ ကိုယ်တော်၏ လူတို့ခံရသော စေတနာတော်နှင့်တကွ၊ အကျွန်ုပ်ကို အောက်မေ့တော် မူပါ။ အကျွန်ုပ်ကို အကြည့်အရှုကြွလာ၍ ကယ်တင်တော် မူပါ။