ဆာ​လံ 118:9-15 BJB

9 ထာဝရဘုရား၌ ခိုလှုံခြင်းသည် မင်းကို ကိုးစား ခြင်းထက် သာ၍ကောင်း၏။

10 လူမျိုးအပေါင်းတို့သည် ငါ့ကိုဝိုင်းကြသော်လည်း၊ ထာဝရဘုရား၏ နာမတော်အားဖြင့် သူတို့ကို ပယ်ဖြတ် ရ၏။

11 ငါ့ကိုဝိုင်းကြ၏။ ဝိုင်းကြသော်လည်း၊ ထာဝရ ဘုရား၏ နာမတော်အားဖြင့် သူတို့ကို ပယ်ဖြတ်ရ၏။

12 ပျားများကဲ့သို့ ငါ့ကိုဝိုင်း၍ အုံကြသော်လည်း၊ ဆူးပင်ကို လောင်သော မီးကဲ့သို့ ငြိမ်းကြ၏။ ထာဝရ ဘုရား၏ နာမတော်အားဖြင့် သူတို့ကို ပယ်ဖြတ်ရ၏။

13 သင်သည် ငါ့ကိုလှဲခြင်းငှါ ပြင်းထန်စွာ တွန်း သော်လည်း၊ ထာဝရဘုရားသည် ငါ့ကိုမစတော်မူ၏။

14 ထာဝရဘုရားသည် ငါ၏အစွမ်းသတ္တိ၊ ငါသီချင်း ဆိုရာအကြောင်း၊ ငါ့ကို ကယ်တင်ခြင်းအကြောင်း ဖြစ်တော်မူ၏။

15 ဖြောင့်မတ်သော သူတို့၏ နေရာ၌ ဝမ်းမြောက် ခြင်းအသံနှင့် ကယ်တင်ခြင်းအသံရှိ၏။ ထာဝရဘုရား၏ လက်ျာလက်တော်သည် ကြီးသောအမှုကိုပြု၏။