ဆာ​လံ 119:123-129 BJB

123 ကယ်တင်တော်မူခြင်းကျေးဇူးကို၎င်း၊ ဖြောင့် မတ်ခြင်းတရားတော်နှင့်ယှဉ်သော ဗျာဒိတ်တော်ကို၎င်း၊ အကျွန်ုပ်မျက်စိသည် မျှော်၍ အားကုန်ပါပြီ။

124 ကရုဏာတော်ရှိသည်အတိုင်း၊ ကိုယ်တော်၏ ကျွန်၌ပြု၍၊ အထုံးအဖွဲ့တော်တို့ကို သွန်သင်တော်မူပါ။

125 အကျွန်ုပ်သည် ကိုယ်တော်၏ ကျွန်ဖြစ်ပါ၏။ သက်သေခံတော်မူချက်တို့ကိုနားလည်နိုင်သော ဥာဏ်ကို ပေးသနားတော်မူပါ။

126 အို ထာဝရဘုရား၊ စီရင်တော်မူချိန်ရောက်ပါပြီ။ သူတပါးများတို့သည် တရားတော်ကို ပယ်ကြပါ၏။

127 အကျွန်ုပ်မူကား၊ ပညတ်တော်တို့ကို ရွှေထက် မက၊ ရွှေစင်ထက် သာ၍ နှစ်သက်ပါ၏။

128 သို့ဖြစ်လျှင်၊ ကိုယ်တော်၏ ဥပဒေသအလုံးစုံတို့ သည် ဖြောင့်ကြသည်ဟုထင်မှတ်လျက်၊ မိစ္ဆာလမ်းရှိသမျှတို့ကို မုန်းပါ၏။

129 သက်သေခံတော်မူချက်တို့သည် အံ့ဩဘွယ် ဖြစ်၍၊ အကျွန်ုပ်ဝိညာဉ်သည် စောင့်ရှောက်တတ်ပါ၏။