ဆာ​လံ 119:137-143 BJB

137 အို ထာဝရဘုရား၊ ကိုယ်တော်သည် ဖြောင့်မတ် တော်မူ၏။ စီရင်တော်မူချက်တို့သည် ဖြောင့်မတ်ကြ ပါ၏။

138 ထားတော်မူသော သက်သေခံတော်မူချက်တို့ သည်လည်း တရားနှင့်ညီ၍ သစ္စာမြဲကြပါ၏။

139 ရန်သူတို့သည် စကားတော်တို့ကို မေ့လျော့သော ကြောင့်၊ စွဲလန်းပူပန်ခြင်းစိတ်သည် အကျွန်ုပ်ကို ညှဉ်းဆဲ ပါ၏။

140 နှုတ်ကပတ်တော်သည် အလွန်စင်ကြယ်သည် ဖြစ်၍၊ ကိုယ်တော်၏ကျွန်သည် နှစ်သက်ပါ၏။

141 အကျွန်ုပ်သည် ငယ်သောသူ၊ မထီမဲ့မြင်ပြုခြင်း ကို ခံရသောသူ ဖြစ်ပါ၏။ သို့သော်လည်း၊ ကိုယ်တော်၏ ဥပဒေသများကို မမေ့မလျော့ပါ။

142 ဖြောင့်မတ်တော်မူခြင်းသည် နိစ္စထာဝရ ဖြောင့် မတ်ခြင်းဖြစ်ပါ၏။ ကိုယ်တော်၏တရားသည် သစ္စာ တရားဖြစ်ပါ၏။

143 ဆင်းရဲညှိုးငယ်ခြင်းသို့ရောက်သော်လည်း၊ ပညတ်တော်တို့သည် အကျွန်ုပ်မွေ့လျော်ရာဖြစ်ပါ၏။