ဆာ​လံ 119:5-11 BJB

5 ကိုယ်တော်၏ အထုံးအဖွဲ့များကို စောင့်နိုင်မည် အကြောင်း၊ အကျွန်ုပ်သည် လမ်းဖြောင့်ပါစေသော။

6 အကျွန်ုပ်သည် ပညတ်တော် အလုံးစုံတို့ကို ထောက်ထားသောအခါ၊ ရှက်ကြောက်ခြင်းနှင့် ကင်းလွတ်ရပါ၏။

7 ဖြောင့်မတ်စွာ စီရင်တော်မူချက်များကို အကျွန်ုပ်လေ့ကျက်ပြီးမှ၊ ဂုဏ်တော်ကို ဖြောင့်သော သဘောနှင့် ချီးမွမ်းပါမည်။

8 ကိုယ်တော်၏ အထုံးအဖွဲ့များကို စောင့်ပါမည်။ အကျွန်ုပ်ကို ရှင်းရှင်းစွန့်ပစ်တော်မမူပါနှင့်။

9 လူပျိုသည် မိမိသွားသောလမ်းကို အဘယ်သို့ သန့်ရှင်းစေနိုင်ပါမည်နည်းဟူမူကား၊ နှုတ်ကပတ်တော်အတိုင်း သတိပြုရမည်။

10 အကျွန်ုပ်သည် ကိုယ်တော်ကို စိတ်နှလုံးအကြွင်း မဲ့ရှာပါ၏။ ပညတ်တော်လမ်းမှ လွဲစေတော်မမူပါနှင့်။

11 ကိုယ်တော်ကို မပြစ်မှားဘဲ နေနိုင်မည် အကြောင်း၊ ဗျာဒိတ်တော်ကို နှလုံးထဲမှာ သိုထားပါပြီ။