ဆာ​လံ 122:4-9 BJB

4 အမျိုးအနွယ်တို့သည် ထိုမြို့သို့တက်ကြ၏။ ဣသရေလအမျိုး ထုံးစံရှိသည်အတိုင်း၊ ထာဝရဘုရား၏ အမျိုးအနွယ်တို့သည် ထာဝရဘုရား၏ နာမတော်ကို ချီးမွမ်းခြင်းငှါ တက်သွားကြ၏။

5 ထိုမြို့၌ တရားစီရင်ရာပလ္လင်၊ ဒါဝိဒ်မင်းမျိုး၏ ရာဇပလ္လင်တို့ သည်တည်ကြ၏။

6 ယေရုရှလင်မြို့ ငြိမ်ဝပ်မည်အကြောင်း ဆု တောင်းကြလော့။ ထိုမြို့ကို မြတ်နိုးစုံမက်သော သူတို့သည် ချမ်းသာရကြပါစေသော။

7 သင်၏မြို့ရိုးအတွင်း၌ ငြိမ်ဝပ်ခြင်း၊ သင်၏ဘုံ ဗိမာန်တို့၌ ချမ်းသာခြင်းရှိပါစေသော။

8 သင်၌ငြိမ်ဝပ်ခြင်းရှိပါစေသောဟု ငါသည် ညီအစ်ကိုအတွက်၊ အဆွေခင်ပွန်းတို့အတွက် ပြောဆို ပါမည်။

9 ငါတို့ဘုရားသခင် ထာဝရဘုရား၏ အိမ်တော် ကို ထောက်၍၊ သင်၏အကျိုးကို ရှာပါမည်။