ဆာ​လံ 26:1-7 BJB

1 အိုထာဝရဘုရား၊ အကျွန်ုပ်သည် ဖြောင့်မတ် ခြင်းလမ်းသို့ လိုက်သောကြောင့်၊ အကျွန်ုပ်ဘက်၌ တရား စီရင်တော်မူပါ။ အကျွန်ုပ်သည် ထာဝရဘုရားကို ခိုလှုံ၍၊ ရွေ့လျားခြင်းနှင့် ကင်းလွတ်ပါလိမ့်မည်။

2 အိုထာဝရဘုရား၊ အကျွန်ုပ်ကို စစ်ဆေးစုံစမ်း၍၊ နှလုံး ကျောက်ကပ်ကို ဆေးကြောတော်မူပါ။

3 အကျွန်ုပ်သည် မေတ္တာကျေးဇူးတော်ကို မျက် မှောက်ပြု၍၊ သစ္စာတရားတော်နှင့်အညီ ကျင့်ပါ၏။

4 လျှပ်ပေါ်သော လူတို့နှင့်အတူ မထိုင်ပါ။ လျှို့ဝှက်သော လူစုထဲတို့ မဝင်ပါ။

5 မတရားသောသူတို့၏ စည်းဝေးခြင်းကို မုန်းပါ ၏။ ဆိုးသွမ်းသော သူတို့နှင့်အတူ မထိုင်ပါ။

6 ကျေးဇူးတော်ကို ချီးမြှောက်သောအသံနှင့် မြွက်ဆို၍၊

7 အံဩဘွယ်သော အမှုတော်အလုံးစုံတို့ကို ကြား ပြောခြင်းငှါ၊ အကျွန်ုပ်သည် ကိုယ်လက်ကို အပြစ် ကင်းခြင်းနှင့်ဆေး၍၊ ယဇ်ပလ္လင်တော်ကို ဝန်းရံလျက် နေပါသည်၊ ထာဝရဘုရား။