ဆာ​လံ 28:1-4 BJB

1 အကျွန်ုပ်၏ ကျောက်ဖြစ်တော်မူသော ထာဝရ ဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်အော်ဟစ်ပါ၏။ မထူးဘဲ နေတော်မမူပါနှင့်။ မထူးဘဲနေတော်မူလျှင်၊ အကျွန်ုပ် သည် သခင်္ျိုင်းတွင်းထဲသို့ ဆင်းသောသူ ကဲ့သို့ဖြစ်ရ ပါမည်။

2 အကျွန်ုပ်သည် သန့်ရှင်းသောဗျာဒိတ်ဌာနတော်သို့ လက်ကိုချီ၍၊ ကိုယ်တော်ကို အော်ဟစ်သောအခါ၊ အကျွန်ုပ်တောင်းလျှောက်သော အသံကို နားထောင် တော်မူပါ။

3 အိမ်နီးချင်း၏ အကျိုးကိုဖျက်ဆီးလိုသော စိတ်နှလုံးရှိသည်နှင့်၊ လောကဝတ်စကားကို ပြောတတ် သောသူတည်းဟူသော ဆိုးယုတ်သောအမှု၊ မတရား သောအမှုကို ပြုတတ်သောသူတို့နှင့်အတူ အကျွန်ုပ်ကို သွေးဆောင်တော်မမူပါနှင့်။

4 သူတို့ကျင့်သော အကျင့်ဓလေ့ဆိုးယုတ်သည် နှင့်အညီ၊ အကျိုးအပြစ်ကို ဆပ်ပေးတော်မူပါ။ သူတို့ ပြုမူသည် အတိုင်းဆပ်ပေး၍၊ အပြစ်နှင့် အလျောက်စီရင် တော်မူပါ။