ဆာ​လံ 41:1-5 BJB

1 ဆင်းရဲသောသူကို အောက်မေ့သောသူသည် မင်္ဂလာရှိ၏။ ခဲယဉ်းသောကာလ၌ ထိုသူကို ထာဝရ ဘုရား ကယ်နှုတ်တော်မူမည်။

2 ထာဝရဘုရားသည် စောင့်မ၍ အသက်ချမ်း သာပေးတော်မူသဖြင့်၊ ထိုသူသည် ပြည်တော်၌ ကောင်းကြီးမင်္ဂလာကို ခံရလိမ့်မည်။ ထိုသူကို ရန်သူတို့ အလိုသို့ ကိုယ်တော်သည် အပ်တော်မမူပါ။

3 သူသည်နာဖျား၍ တုံးလုံးနေသောအခါ၊ ထာဝရ ဘုရားသည် ထောက်ပင့်တော်မူမည်။ နာ၍နေစဉ်ကာလ ကိုယ်တော်သည် သူ၏အိပ်ရာရှိသမျှကို လှန်ပြန်တော် မူမည်။

4 ငါလျှောက်ဆိုရသည်ကား၊ အိုထာဝရဘုရား၊ အကျွန်ုပ်ကို သနားတော်ပါ။ အကျွန်ုပ်သည် ကိုယ်တော် ကို ပြစ်မှားမိသည်ဖြစ်၍၊ အကျွန်ုပ်၌ စိတ်ဝိညာဉ်၏ အနာကိုပျောက်စေတော်မူပါဟု လျှောက်ဆို၏။

5 ငါ့ရန်သူတို့က၊ သူသည်သေ၍ သူ၏နာမသည် အဘယ်ကာလမှ တိမ်မြှပ်လိမ့်မည်နည်းဟု ငါ့ကိုမနာလို၍ ဆိုတတ်ကြ၏။