ဆာ​လံ 52:1-6 BJB

1 အားကြီးသော အချင်းလူ၊ သင်သည်သူ့အကျိုး ကို ဖျက်ခြင်းအမှု၌ အဘယ်ကြောင့် ဝါကြွားသနည်း။ ဘုရားသခင်၏ ကရုဏာတော်သည် အစဉ်မပြတ် တည်၏။

2 သင်၏လျှာသည် ထက်သောသင်တုန်းကဲ့သို့ လှည့်စားသဖြင့်၊ သူ့အကျိုးကို ဖျက်ခြင်းအမှုကို ပြုစု တတ်၏။

3 သင်သည် သုစရိုက်ထက်ဒုစရိုက်ကို၎င်း၊ ဖြောင့် မတ်သောစကား ထက်မုသာစကားကို၎င်း သာ၍ နှစ်သက်တတ်၏။

4 အိုလှည့်စားတတ်သောလျှာ၊ သင်သည် ပျက်စီး သော စကားရှိသမျှတို့ကို နှစ်သက်တတ်၏။

5 အကယ်စင်စစ် ဘုရားသခင်သည် သင့်ကို အစဉ်အမြဲ ချိုးဖျက်ပယ်ရှင်းလျက်၊ သင်၏နေရာထဲက နှင်ထုတ်၍၊ အသက်ရှင်သောသူတို့၏ နေရာထဲက နှုတ်ပစ်တော်မူမည်။

6 ဖြောင့်မတ်သော သူတို့သည်မြင်၍ ကြောက်ရွံ့ ကြလိမ့်မည်။