ဆာ​လံ 58:1-7 BJB

1 အိုလူသားတို့၊ အကယ်စင်စစ် သင်တို့သည် စကားဖြောင့်ကြသလော။

2 တရားသဖြင့်စီရင်ကြသလော။ အကယ်စင်စစ် သင်တို့သည် မတရားသော အကြံကို ကြံစည်၍ မြေကြီး ပေါ်မှာ ကိုယ်လက်နှင့်ပြုသော ညှဉ်းဆဲခြင်းကို ချိန်တတ် ကြ၏။

3 မတရားသော သူတို့သည် အမိဝမ်းထဲမှစ၍ ရိုင်းသောသဘောရှိကြ၏။ မွေးကတည်းကလမ်းလွှဲ၍ မုသာစကားကို ပြောတတ်ကြ၏။

4 သူတို့အဆိပ်သည် မြွေအဆိပ်နှင့်တူ၏။ နားပင်း သော မြွေဆိုးသည် မိမိနားကို ပိတ်၍၊

5 လိမ္မာသောအလမ္ပမြွက်ဆိုသော မန္တရားစကား ကို နားမထောင်ဘဲနေသကဲ့သို့ ဖြစ်ကြ၏။

6 အိုဘုရားသခင်၊ သူတို့ပစပ်ထဲမှာ သွားများကို ချိုးတော်မူပါ။ အို ထာဝရဘုရား၊ ခြင်္သေ့တို့၏ အံသွားများ ကို ချိုးတော်မူပါ။

7 ထိုသူတို့သည် စီးသောရေကဲ့သို့ ကွယ်ပျောက်ကြ ပါစေသော။ လေးကိုတင်သောအခါ မြှားတို့သည် ကျိုး သကဲ့သို့ ဖြစ်ကြပါစေသော။