ဆာ​လံ 59:2-8 BJB

2 ဒုစရိုက်ကို ပြုသောသူတို့အထဲက အကျွန်ုပ်ကို နှုတ်ယူ၍၊ အသက်ကိုသတ်လိုသော သူတို့လက်မှ ကယ် တင်တော်မူပါ။

3 သူတို့သည် အကျွန်ုပ်အသက်ကို သတ်လို ၍ ချောင်းကြည့်လျက် နေကြပါ၏။ အားကြီးသောသူတို့ သည်အကျွန်ုပ်တဘက်၌ စည်းဝေးကြပါ၏။ အို ထာဝရ ဘုရား၊ အကျွန်ုပ်မှားယွင်း သောကြောင့်မဟုတ်ပါ။ အကျွန်ုပ် အပြစ်ကြောင့်မဟုတ်ပါ။

4 အကျွန်ုပ်၌ အပြစ်မရှိဘဲ သူတို့သည် ပြေးလာ၍ ပြင်ဆင်ကြပါ၏။ အကျွန်ုပ်ကို ကူမခြင်းငှါ နိုးတော်မူပါ။ ကြည့်ရှုတော်မူပါ။

5 ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား၊ သာသနာပ လူအပေါင်းတို့ကို ဆုံးမခြင်းငှါ နိုးတော်မူပါ။ ဒုစရိုက်၌ ကျင်လည်သောသူ တစုံတယောက်ကိုမျှ သနား တော်မမူပါနှင့်။

6 သူတို့သည် ညဦးယံ၌ ပြန်လာ၍၊ ခွေးဘာသာ အတိုင်း မြည်လျက် မြို့ကိုလှည့်ပတ်ကြပါစေသော။ ၏စ

7 ထိုသူတို့သည် စော်ကားသော စကားကိုပြော၍၊ သူတို့နှုတ်ခမ်း တွင်ထားပါလျက်အဘယ်သူကြားလိမ့် မည်နည်းဟု ဆိုတတ်ကြပါ၏။

8 သို့ရာတွင်၊ အိုထာဝရဘုရား၊ ကိုယ်တော်သည် သူတို့ကို ပြုံးရယ်၍ သာသနာပလူအပေါင်းတို့ကို ကဲ့ရဲ့တော်မူမည်။