1 အိုထာဝရဘုရား၊ အမျက်တော်ထွက်၍ အကျွန်ုပ်ကို အပြစ်တင်တော်မမူပါနှင့်။ ပြင်းစွာအမျက် ထွက်၍ ဆုံးမတော်မမူပါနှင့်။
2 အိုထာဝရဘုရား၊ အကျွန်ုပ်သည် ခွန်အားနည်း လှပါ၏။ ကယ်မသနားတော်မူပါ။ အိုထာဝရဘုရား၊ အကျွန်ုပ်အရိုးတို့သည် တုန်လှုပ်ကြပါ၏။ ကျန်းမာပကတိ ရှိစေတော်မူပါ။
3 အကျွန်ုပ်စိတ်ဝိညာဉ်သည် အလွန်တုန်လှုပ်ပါ ၏။ အိုထာဝရဘုရား၊ ကိုယ်တော်သည် အဘယ်မျှကာလ ပတ်လုံးနေတော်မူမည်နည်း။
4 အိုထာဝရဘုရား၊ တဖန်ကြွလာ၍ အကျွန်ုပ် စိတ်ဝိညာဉ်ကို ကယ်ယူတော်မူပါ။ ကရုဏာတော်နှင့် အညီ အကျွန်ုပ်ကို ကယ်တင်တော်မူပါ။