ဆာ​လံ 6:3-9 BJB

3 အကျွန်ုပ်စိတ်ဝိညာဉ်သည် အလွန်တုန်လှုပ်ပါ ၏။ အိုထာဝရဘုရား၊ ကိုယ်တော်သည် အဘယ်မျှကာလ ပတ်လုံးနေတော်မူမည်နည်း။

4 အိုထာဝရဘုရား၊ တဖန်ကြွလာ၍ အကျွန်ုပ် စိတ်ဝိညာဉ်ကို ကယ်ယူတော်မူပါ။ ကရုဏာတော်နှင့် အညီ အကျွန်ုပ်ကို ကယ်တင်တော်မူပါ။

5 အကြောင်းမူကား၊ သေလျက်နေစဉ်တွင် ကိုယ် တော်ကို အောက်မေ့ခြင်းမရှိပါ။ မရဏနိုင်ငံတွင် ကျေးဇူး တော်ကို အဘယ်သူချီးမွမ်းပါမည်နည်း။

6 အကျွန်ုပ်သည် ညည်းတွား၍ ပင်ပန်းလှပါ၏။ အကျွန်ုပ်ခုတင်ကို ကိုယ်မျက်ရည်၌ တညဉ့်လုံးမျှော၍၊ အိပ်ရာကိုလည်း မွန်းစေပါ၏။

7 ဝမ်းနည်းခြင်းအားဖြင့် မျက်စိပျက်၍၊ ရန်သူ များကြောင့် ပြာမှုန်လျက် ရှိပါ၏။

8 မတရားသဖြင့်ပြုသောသူအပေါင်းတို့၊ ငါ့ထံမှ ဖယ်သွားကြ။ ငါငိုကြွေးသံကို ထာဝရဘုရား ကြားတော် မူ၏။

9 ငါတောင်းပန်ခြင်းကို ထာဝရဘုရား ကြားတော် မူ၏။ ငါပြုသော ပဌနာစကားကို ထာဝရဘုရား နာယူတော်မူ၏။