ဆာ​လံ 63:1-5-6 BJB

1 အိုဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်၏ ဘုရားသခင် ဖြစ်တော်မူ၏။ ကိုယ်တော်ကို ကြိုးစား၍ ရှာပါ၏။ ရေမရှိသွေ့ခြောက်သော လွင်ပြင်၌ အကျွန်ုပ်၏ဝိညာဉ်သည် ကိုယ်တော်ကို ငတ်ပါ၏။ အကျွန်ုပ်၏ ကိုယ်ခန္ဓာသည်လည်း ကိုယ်တော်ကို လွမ်းဆွတ်ပါ၏။

2 ဘုန်းတန်ခိုးအာနုဘော်တော်ကို မြင်ခြင်းငှါ၊ သန့်ရှင်းရာဌာနတော်၌ ထိုသို့ ကိုယ်တော်ကို ဖူးမျှော်ပါပြီ။

3 ကရုဏာတော်သည် အသက်ထက်သာ၍ ကောင်းသောကြောင့်၊ အကျွန်ုပ်၏နှုတ်သည် ကိုယ်တော်ကို ချီးမွမ်းရပါမည်။

4 ထိုသို့ အသက်ရှင်စဉ်တွင် ကိုယ်တော်ကို ကောင်းကြီးပေးပါမည်။ နာမတော်ကို အမှီပြုလျက် လက်ကို ချီပါမည်။

5-6 အိပ်ရာပေါ်မှာ ကိုယ်တော်ကို အောက်မေ့၍၊ ညဉ့်ယံတို့၌ ကိုယ်တော်ကို ဆင်ခြင်လျက် နေသောအခါ၊ ဆီဥကို၎င်း၊ ဆူသောအသားကို၎င်း စား၍ ဝသကဲ့သို့၊ အကျွန်ုပ်၏ဝိညာဉ်သည် ဝ၍ ရွှင်လန်းသော နှုတ်ခမ်းနှင့် အကျွန်ုပ်၏နှုတ်သည် ကိုယ်တော်ကို ချီးမွမ်းပါမည်။